my_tw/bible/other/altarofincense.md

1.7 KiB

အမွှေးနံ့သာပလ္လင်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

အမွှေးနံ့သာပလ္လင်ဆိုသည်မှာ ယဇ်ပရောဟိတ်မှ ဘုရားသခင်ဆီအမွှေးနံ့သာတင်လှူပူဇော်၍ရသော နေရာတစ်ခုဖြစ်သည်။ ဤနေရာကို ရွှေပလ္လင် ဟုလည်းခေါ်ဆိုသည်။

  • အမွှေးနံ့သာပလ္လင်ကို သစ်သားဖြင့်ပြုလုပ်ပြီး ဘေးဖက်နှင့်အပေါ်ဖက်တွင် ရွှေဖြင့်ဖုံးအုပ်ထားပါသည်။ အရှည် မီတာဝက်၊ အကျယ် မီတာဝက်၊ အမြင့် ၁ မီတာရှိသည်။
  • ထိုပလ္လင်ကို တဲတော်ထဲတွင်ထားရှိပြီး နောက်ပိုင်းတွင် ဗိမာန်တော်၌ပြန်လည်ထားရှိခဲ့သည်။
  • မနက်တိုင်းနှင့် ညနေတိုင်းတွင် ယဇ်ပုရောဟိတ်က အမွှေးနံ့သာကို တင်လှူ ပူဇော်ပေးရသည်။
  • အမွှေးနံ့သာမီးရှို့ရာပလ္လင်၊ ရွှေပလ္လင်၊ နံ့သာပူဇော်ရာပလ္လင်၊ နံ့သာခုံ ဟုလည်းဘာသာပြန်ဆိုနိုင်သည်။