my_tw/bible/other/alarm.md

2.6 KiB

ထိတ်လန့်တုန်လှုပ်ခြင်း၊ သတိပေးခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"သတိပေးခြင်း" ဆိုသည်မှာ ဘေးတစ်စုံတစ်ခုဖြစ်လာမည်ကို သတိပေးခြင်းဖြစ်သည်။ အန္တရာယ် သို့မဟုတ် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာမည်ကို စိုးရိမ်ထိန့်လန့်ခြင်းဖြစ်သည်။

  • ရှင်ဘုရင်ယောရှဖတ်သည် မောဘလူမျိုးများ ယုဒနိုင်ငံတော်ကိုတိုက်မည်ကို ကြားသိရသောအခါ ထိန့်လန့်တုန်လှုပ်ခဲ့သည်။
  • ဖျက်စီးတတ်သောအရာများ နောက်ဆုံးသောကာလ၌ဖြစ်လာသောအခါ မအံ့သြတုန်လှုပ်ရန် ယေရှုကတပည့်တော်များကို ပြောခဲ့သည်။
  • သတိပေးသံ ဟူသောအဓိပ္ပာယ်မှာ သတိပေးခြင်းဖြစ်သည်။ ရှေးကာလ၌ အသံတစ်မျိုးမျိုးပြလုပ်အော်ဟစ်ခြင်းဖြင့် သတိပေးသံပြုလုပ်လေ့ရှိသည်။

ဘာသာပြန်အကြံပြုချက်များ

  • သတိပေးခြင်းဆိုသည်မှာ တစ်စုံတစ်ယောက်အားစိုးရိမ်စေခြင်း သို့မဟုတ် ထိန့်လန့်စေခြင်းဖြစ်သည်။
  • သတိပေးခံရသည် ကို စိုးရိမ်စေသည် သို့မဟုတ် ကြောက်လန့်စေသည် သို့မဟုတ် သတိထားစေသည် ဟုဘာသာပြန်ဆိုသင့်သည်။
  • သတိပေးသံ ဟူသောဝေါဟာရကို လူထုကိုသတိပေးခြင်း၊ အန္တရာယ်ဖြစ်လာနေပြီဖြစ်ကြောင်း၊ အန္တရာယ်လာနေပြီဖြစ်ကြောင်း တံပိုးမှုတ်ခြင်း ဟူ၍ဘာသာပြန်ဆိုသင့်သည်။