my_tw/bible/other/afflict.md

3.0 KiB

ဖိစီးနှိပ်စက်သည်၊ ဒုက္ခ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဤစကားသည် တစ်စုံတစ်ယောက်အား နှောင့်ယှက်ခြင်း သို့မဟုတ် ခံစားစေခြင်းဖြစ်သည်။ ဒုက္ခဆိုသည်မှာ ရောဂါ၊ပူဆွေးမှု သို့မဟုတ် ကပ်ဆိုးကျရောက်ခြင်းကိုဆိုလိုပါသည်။

  • ဘုရားသခင်သည် သူ၏လူမျိုးတော်အား အပြစ်မှနောင်တရပြီး သူ့ထံပြန်လာစေရန် ရောဂါ သို့မဟုတ် ခက်ခဲမှုများနှင့် ဖိစီးခဲ့သည်။
  • အီဂျစ်ဘုရင်သည် ဘုရားစကားနားမထောင်သည့်အတွက် ဘုရားသခင်က ဒုက္ခ၊ကပ်ဘေးများဖြင့်ဆုံးမခဲ့သည်။
  • ဖိစီးနှိပ်စက်ခံရခြင်း ဆိုသည်မှာ စိတ်ပျက်စရာ ရောဂါ၊ ညှင်းပန်းနှိပ်စက်မှု သို့မဟုတ် စိတ်ဆင်းရဲပူဆွေးမှု ကိုဆိုလိုပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • တစ်စုံတစ်ယောက်အား ဖိစီးခြင်းဆိုသည်မှာ ဒုက္ခကြုံတွေ့စေခြင်း၊ ဒုက္ခဖြစ်စေခြင်း ဟုဘာသာပြန်ဆိုသင့်သည်။
  • တစ်ချို့အခြေအနေတွင် ဖြစ်လာသည် သို့မဟုတ် ရောက်ရှိလာသည် သို့မဟုတ် ဒုက္ခယူဆောင်လာသည်ဟု ဘာသာပြန်ဆိုသင့်သည်။
  • အနူရောဂါဖြင့်ဖိစီးသည် ကို တစ်စုံတစ်ယောက်သည် အနူရောဂါဖြစ်ပြီးဖိစီးနေသည် ဟုဘာသာပြန်ဆိုသင့်သည်။
  • ရောဂါဘယ၊ ကပ်ဘေးကျရောက်သည့်အခါ ဒုက္ခဖြစ်စေသည်ဟု ဘာသာပြန်ဆိုသင့်သည်။
  • အခြေအနေပေါ်မူတည်၍ ဘေးဒုက္ခ၊ ရောဂါဘယ၊ ဒုက္ခ၊ စိတ်ပျက်ဖွယ်ဒုက္ခကြီး ဟူ၍ဘာသာပြန်ဆိုသင့်သည်။
  • တစ်စုံတစ်ခုမှ ဒုက္ခခံစားရသည်၊ ဖျားနာသည်ဟုလည်း ဘာသာပြန်ဆိုနိုင်သည်။