my_tw/bible/other/administration.md

2.6 KiB

စီမံခန့်ခွဲခြင်း၊ စီမံခန့်ခွဲသူ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"စီမံခန့်ခွဲခြင်း၊ စီမံခန့်ခွဲသူ" ဆိုသည်မှာတိုင်းပြည်တစ်ခု စနစ်ကျစွာလည်ပတ်နိုင်ရန် အုပ်ချုပ်စီမံခြင်းကိုဆိုလိုပါသည်။

  • ဗာဗုလုန် တိုင်းပြည်တွင် ဒံယေလနှင့် အခြားယုဒလူငယ် သုံးဦးကို အစိုးရအရာရှိ (သို့) စီမံခန့်ခွဲသူအဖြစ် တာဝန်ပေးအပ်ခဲ့သည်။
  • ဓမ္မသစ်ကျမ်းတွင် စီမံခန့်ခွဲခြင်းကို ဝိညာဉ်ဆုကျေးဇူးတစ်ခုအဖြစ်သတ်မှတ်ထားသည်။
  • စီမံခန့်ခွဲမှု ဝိညာဉ်ဆုကျေးဇူးရှိသောသူသည် လူထုကို စီမံအုပ်ချုပ်နိုင်ခြင်း၊ အဆောက်အဦး နှင့်ပိုင်ဆိုင်မှုများကို စီမံအုပ်ချုပ်နိုင်သူဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • အကြောင်းအရာပေါ်မူတည်၍ စီမံခန့်ခွဲခြင်း ဟူသောဝေါဟာရကို အုပ်ချုပ်သူ (သို့) စုစည်းပေးသူ (သို့) စီမံသူ (သို့) အုပ်စိုးသူ (သို့) အစိုးရဝန်ထမ်း အဖြစ်ဘာသာပြန်ဆိုနိုင်သည်။
  • စီမံခန့်ခွဲခြင်း ကို အုပ်ချုပ်ခြင်း (သို့) စီမံခြင်း (သို့) ခေါင်းဆောင်မှုပြုခြင်း (သို့) အဖွဲအစည်း အဖြစ်ဘာသာပြန်ဆိုနိုင်သည်။
  • တာဝန်ခံခြင်း (သို့) ကြည့်ရှုစောင့်ရှောက်ခြင်း (သို့) ထိန်းသိမ်းပေးခြင်း ဆိုသော စကားလုံးများအဖြစ်လည်း အသုံးပြုနိုင်သည်။