my_tw/bible/other/abyss.md

1.4 KiB

အနက်ဆုံးသောတွင်း(အရပ်)

အသုံးအနှုန်းများ၏အဓိပ္ပါယ်

အနက်ဆုံးသောတွင်း ဆိုသည်မှာ ကြီးမားနက်ရှိုင်း၍အဆုံးမရှိသော တွင်းကိုဆိုလိုသည်။

  • သမ္မာကျမ်းစာ၌ အနက်ဆုံးသောတွင်း ဆိုသည်မှာ အပြစ်ပေးသည့်နေရာကိုရည်ညွှန်းပါသည်။
  • ဥပမာအနေဖြင့် လူအတွင်း၌ရှိသော နတ်ဆိုးကိုထွက်သွားရန် ယေရှုအမိန့်ပေးစဉ်၌ နတ်ဆိုးက သူတို့ကိုအနက်ဆုံးသောတွင်းသို့ မပို့ရန် ယေရှုကိုတောင်းပန်ခဲ့သည်။
  • အနက်ဆုံးသောတွင်း ကို အဆုံးမရှိသောတွင်း၊ နက်ရှိုင်းသောတွင်း ဟူ၍ ဘာသာပြန်ဆိုနိုင်သည်။
  • ဤစကားကို "မရဏ၊ သေမင်း၊ ငရဲ" ဟူသောစာလုံးများနှင့် ကွဲပြားစွာဘာသာပြန်ဆိုသင့်သည်။