my_tw/bible/names/syria.md

1.9 KiB

အဆီးရီးယား၊ ရှုရိ

အချက်အလက်

ရှုရိပြည်သည် ဣသရေလ နိုင်ငံ၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ ဓမ္မသစ်အချိန်ကာလတွင် ဤနိုင်ငံသည် ရောမအင်ပါယာ၏ လက်အောက်ခံ နယ်မြေတစ်ခုဖြစ်သည်။

  • ဓမ္မဟောင်းကာလတွင် ရှုရိလူတို့သည် ဣသရေလလူမျိုးများ၏ အင်အားကြီးမားသော ရန်သူဖြစ်သည်။
  • နေမှန်သည် ပရောဖက်ဧလိယအားဖြင့် နူနာကိုပျောက်ကင်းခြင်းခံသော ရှုရိစစ်တပ်၏ ဗိုလ်ချုပ်ဖြစ်သည်။
  • ရှုရိ ပြည်၌ နေထိုင်သောသူတို့သည် အာရမ်၏ မျိုးဆက်များဖြစ်ကြပြီး၊ ထိုသူသည် နောဧ ၏သားဖြစ်သော ရှေမ မှဆင်းသက်သောသူဖြစ်သည်။
  • ရှိရိမြို့‌တော်ဖြစ်သော ဒမာသက်မြို့သည် ကျမ်းစာထဲတွင် အကြိမ်‌ပေါင်းများစွာ ဖော်ပြထားပါသည်။
  • ရှင်ပေါလု သည်လည်း ခရစ်ယာန်များအား ညင်းဆဲရန် အကြံအစည်ဖြင့် ဒမသက်မြို့သို့ သွားရောက်ခဲ့ သော်လည်း ယေရှုသည် သူ့ကို ဆီးတားခဲ့သည်။