my_tw/bible/names/simonthezealot.md

2.0 KiB

ရှိမုန် (ဇေလုပ်)

အချက်အလက်

ရှိမုန်ဇေလုပ်သည် ယေရူခရစ်တော်၏ တပည့်တော်တစ်ဆယ့်နှစ်ပါးထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

  • ရှိမုန်အား ယေရူခရစ်တော်၏တပည့်တော်အဖြစ် သုံးကြိမ်သာတွေ့ရှိရသည်။ ထို့ကြောင့် လူများက သူအားအနည်းငယ်သာသိကြသည်။
  • ရှိမုန်သည် ယေရူခရစ်တော်ကောင်းကင်သို့တက်ကြွသွားပြီးနောက် ယေရုရှလင်မြို့တွင် အတူတကွဆုတောင်းကြရန် တွေ့ဆုံခဲ့သူဆယ့်တစ်ယောက်မြောက်တပည့်တော်ဖြစ်သည်။
  • ရှိမုန်၏ "ဇေလုပ်" ဟူသောအမည်သည် သူအားဇေလုပ်အဖွဲ့ဝင်တစ်ဦးအဖြစ်ထင်ရှားစေသည်။ ထိုအဖွဲ့ဝင်တို့သည် ဂျူးဘာသာရေးခေါင်းဆောင်များဖြစ်ပြီး စိတ်အားထက်သန်စွာဖြင့် ရောမအင်ပါယာ၏အုပ်ချုပ်မူ့ကို လက်မခံပဲ မောရှေ၏ပညတ်တရားကို လက်ဝယ်ကိုင်ထားသူများလည်းဖြစ်သည်။
  • "ဇေလုပ်" ကို ရိုးရှင်းစွာအနက်ပြန်ရလျှင် "စိတ်အားထက်သန်သောသူတစ်ဦး" ဘာသာရေးတွင် ဇွဲရှိသူ ဟူ၍ဖြစ်သည်။