my_tw/bible/names/samson.md

2.2 KiB

ရှံဆုံ

အချက်အလက်

ရှံဆုံသည် တရားသူကြီးများထဲက တပါးဖြစ်သည် (သို့) ဣသရေလလူမျိုးများကို လွတ်မြောက်စေသောသူဖြစ်သည်။

  • ဘုရားသခင်က ရှံဆုံကို သဘာဝထက်သာလွန်သော ခွန်အားဗလကို ပေးခဲ့ပြီး ဣသရေလလူမျိုးများ၏ ရန်သူ ဖိလိတ္တိလူများကို ပြန်လည်တိုက်ခိုက်ဖို့ရန်အသုံးပြုခဲ့သည်။
  • ရှံဆုန်သည် မူးယစ်နိုင်သောအရာ (သို့) ဝိုင်ကို မသောက်သုံးဖို့နှင့် ဆံပင်ညှပ်ခြင်းမပြုရန် ကတိသစ္စာပြုထားခဲ့သည်။ ထိုကတိသစ္စာကို စောင့်ထိန်းသဖြင့် ဘုရားသခင်က ခွန်အားဗလကို ဆက်လက်ပေးနေခဲ့သည်။
  • သူသည်နောက်ဆုံးတွင် ထိုကတိသစ္စာကို ဖျက်ဆီးခဲ့ပြီး ဆံပင်ညှပ်ခြင်းကို ပြုခဲ့သည်။ ထိုအရာအားဖြင့် ဖိလိတ္တိလူများ သူ့ကိုဖမ်းဆီးဖို့ရန် စွမ်းဆောင်ခဲ့သည်။
  • ရှံဆုံသည် ချုပ်နှောင်ခြင်းခံနေခဲ့ချိန်တွင် ဘုရားသခင်သည် သူ့၏ခွန်အားဗလအား ပြန်ရရှိဖို့ စွမ်းဆောင်ခဲ့သည်။ ဖိလိတ္တိလူများနှင့် မှားယွင်းတဲ့ဘုရားကို ကိုးကွယ်ကြသောနေရာကို ဖျက်ဆီးဖို့ရန် အခွင့်အရေးကို ပေးခဲ့သည်။