my_tw/bible/names/rehoboam.md

1.6 KiB

ရောဗောင်

အချက်အလက်

ရောဗောင်သည် ရှောလမုန်မင်းကြီး၏ သားတော်ဖြစ်ပြီး ရှောလမုန်မင်းကြီး နတ်ရွာစံပြီးနောက် ဣသရေလလူမျိုးတို့၏ ရှင်ဘုရင် ဖြစ်လာသူဖြစ်သည်။

  • သူ၏ အုပ်ချုပ်ခြင်းအစ၌ ရောဗောင်မင်းကြီးသည် သူ၏လူများကို မညှာမတာပြုသောကြောင့် ဣသရေလ၏ မျိုးနွယ်စု (၁၀) စုသည် သူ့အားပုန်ကန်ပြီး မြောက်ပိုင်းအရပ်တွင် ဘုရင်နိုင်ငံ အစပြုကာ ဣသရေလတိုင်းပြည် ထူထောင်လေ၏။
  • ရောဗောင်သည် တောင်ပိုင်းတိုင်းပြည်၏ ဘုရင်အဖြစ် ဆက်လက်အုပ်ချုပ်သည်။ ယုဒနှင့် ဗင်္ယာမင်မျိုးနွယ်စုနှစ်စု ပါဝင်သော ယုဒပြည်ကို အုပ်ချုပ်သည်။
  • ရောဗောင်သည် လွဲမှားသော နတ်ဘုရားများကို ကိုးကွယ်ပြီး ဘုရားသခင်အားဆန့်ကျင်သော ရက်စက်သည့် ဘုရင်တစ်ပါးဖြစ်သည်။