my_tw/bible/names/phonecia.md

1.9 KiB

ဖိနိတ်

အချက်အလက်

ရှေးအချိန်တွင် ဖိနိတ်ပြည်သည် ဣသရေလမြောက်ပိုင်းရှိ မြေထဲပင်လယ်ကမ်းရိုးတန်းတလျှောက်ရှိ ခါနန်ပြည်တွင် တည်ရှိပြီး ချမ်းသာသောတိုင်းပြည်ဖြစ်သည်။

  • ဖိနိတ်ပြည်သည် ယခုခေတ် လေဘနွန်နိုင်ငံ၏ အနောက်ဘက်တွင် တည်ရှိသောနိုင်ငံဖြစ်သည်။
  • ဓမ္မသစ်ခေတ်တွင် ဖိနိတ်ပြည်၏မြို့တော်မှာ တုရုမြို့ဖြစ်ပြီး၊ အခြားထင်ရှားသောမြို့မှာ ရှိဒုန်မြို့ဖြစ်သည်။
  • ဖိနိတ်လူမျိုးများ သူတို့နိုင်ငံတွင် အာရဇ်သစ်ပင်ပေါများပြီး လက်သမားအလုပ်၌လည်း ကျွမ်းကျင်ကြသည်။ ကြက်သွေးရောင်ဆိုးသောအထည်များနှင့် လယ်၌ကူးသန်းရောင်းဝယ်ရေး ပြုလုပ်ခြင်းဖြင့် ကျော်ကြားကြသည်။ သင်္ဘောတည်ဆောက်ရာတွင်လည်း ကျွမ်းကျင်ကြသည်။
  • ဖိနိတ်လူမျိုးများသည် အက္ခရာစကားလုံးများကို လူအများနှင့် ကူးသန်းရောင်းဝယ်ရာတွင် အစောဆုံးသော အသုံးပြုကြသည်။