my_tw/bible/names/nebuchadnezzar.md

3.0 KiB

နေဗုခဒ်နေဇာ

အချက်အလက်

နေဗုခဒ်နေဇာရှင်ဘုရင်သည် ဗာဗုလုန်အင်ပါယာကိုအုပ်စိုးပြီးအခြား သောလူမျိုးစုများနှင့် တိုင်းပြည်များကိုသူ၏ စစ်တပ်အားဖြင့်သိမ်း ပိုက်သောဘုရင်ဖြစ်သည်။

  • နေဗုခဒ်နေဇာ၏ဦးဆောင်မှုဖြင့် ဗာဗုလုန်တပ်တို့သည် ယုဒပြည်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးယုဒလူအများစုကို ဖမ်းဆီးခေါ်ဆောင်သွားသည်။ ထိုပြည်၌အနှစ်ခုနစ်ဆယ်နေရသောကြောင့် "ဗာဗုလုန်ပြည်သို့ဖမ်းဆီးခေါ် ဆောင်ခြင်း"ဟုသိရသည်။
  • ခေါ် ဆောင်သူများထဲမှ ဒံယေလသည် နေဗုခဒ်နေဇာ၏ အိမ်မက်အနက်အဓိပ္ပါယ်ကို ပြောပြသူဖြစ်သည်။
  • ဖမ်းဆီးခေါ်ဆောင်သွားသော ဣသရေလအမျိုးထဲမှ ဟာနနိ၊ မိရှေလ၊ အာဇရိ တို့သည် နေဗုခဒ်နေဇာပြလုပ်သောရုပ်တုကြီးရှေ့၌ ဒူးထောက်ရန် ငြင်းဆိုသောကြောင့် မီးဖိုကြီးထဲသို့သွင်းခြင်း ခံရသည်။
  • နေဗုခဒ်နေဇာသည်မာနကြီးသောသူဖြစ်ပြီး မမှန်သောဘုရားကိုကိုးကွယ်ပြီ၊ ယုဒပြည်ကိုသိမ်းပိုက်သောအခါ ယေရုရှလင်၏ဗိမ္မာန်တော်မှာ ရွှေငွေပစ္စည်းများကိုသိမ်းယူခဲ့သည်။
  • နေဗုခဒ်နေဇာသည်မမှန်သောဘုရားကို ကိုးကွယ်ခြင်းမှ ပြန်လာခြင်းကိုငြင်းဆိုသောကြောင့် ခုနစ်နှစ်လုံးခိုကိုးရာမဲ့ဖြစ်စေလျက်၊ တိရစ္ဆာန်ကဲ့သို့နေရ၏။ ခုနစ်နှစ်ကြားပြီးနောက် နေဗုခဒ်နေဇာသည်နှိမ့်ချပြီး ထာဝရဘုရားသခင်ကိုချီးမွမ်းသောအခါ ဘုရားသခင်သည်သူ့ကိုနေရာ၌ ပြန်ထားလေသည်။