my_tw/bible/names/nazareth.md

2.0 KiB

နာဇရက်၊ နာဇရက်မြို့သား

အချက်အလက်

နာဇရက်မြို့သည် ဣသရေလနိုင်ငံ၏မြောက်ပိုင်း၌ရှိသောမြို့ ဖြစ်သည်။ ယေရုရှလင်မြို့ မှကီလိုမီတာ ၁၀၀ ခန့် ကွာဝေးပြီး၊ ခြေလျှင်ဖြင့်သွားပါက သုံးရက် မှ ငါးရက် ကြားနိုင်သည်။

  • ယောသပ်နှင့်မာရိသည် နာဇရက်မြို့၌နေကြ၏ သခင်ယေရူကြီးပြင်းသောမြို့ဖြစ်သောကြောင့်"နာဇရက်မြို့သား" ဟုခေါ်၏။
  • နာဇရက်မြို့ရှိယုဒလူမျိုးအများစုသည် သခင်ယေရူကိုသာမန် လူတစ်ဦးဟူ၍ခံယူသောကြောင့် ကြည်ညိုလေးစားခြင်းမရှိကြ။
  • တစ်ချိန်တစ်ခါက နာဇရက်မြို့တရားဇရပ်၌ တရားဟောပြော စဥ်တွင် မိမိကိုယ်ကို မေရှိယဟူ၍​ေဖော်ပြသောကြောင့်၎င်း၊ ယုဒလူ တို့ကိုဆိုဆုံးမသောကြောင့်၎င်း သခင်ယေရူကိုအသေသက်ရန် ရှာကြံကြ၏။
  • သခင်ယေရူသည်နာဇရက်မြို့မှလာသည်ဟု နသနေလကြား သောအခါအထင်မကြီးသောကြောင့် နာဇရက်မြို့သည်ကောင်း သောအရာမထွက်နိင် မှတ်ချက်ပေးခဲ့သည်။