my_tw/bible/names/mordecai.md

1.4 KiB

မော်ဒကဲ

အချက်အလက်

မော်ဒကဲ သည် ဂျူးလူမျိုးဖြစ်၍ ပေရသိပြည်တွင်နေထိုင်သည်။ သူသည် နောက်တွင် ပေရသိဘုရင် အာရွှေရု ၏မိဖုရားဖြစ်လာသော သူ့ဝမ်းကွဲညီအစ်မ ဧသတာ၏ အုပ်ထိန်းသူလည်းဖြစ်သည်။

  • နန်းတော်တွင်းအမှုထမ်းစဉ်တွင် မော်ဒကဲသည် ရှင်ဘုရင် အာရွှေရု အားလုပ်ကြံမည့်အကြာင်းကိုကြား၍ ဘုရင်ကိုပြောသဖြင့် ဘုရင်သည်အသက်ချမ်းသာရ၏။
  • ကာလအနည်းငယ်ကြာပြီးနောက် ပေရသိပြည်ရှိဣသရေလလူမျိုးအားလုံးကို သတ်မည့်အကြောင်းကိုလည်း ကြားသိလာခဲ့သည်။ သူသည် သူတို့လူမျိုးများကို ကယ်တင်ဖို့ ဘုရင်ကိုဖျောင်းဖျဖို့ရန် ဧသတာ အားတိုက်တွန်းခဲ့သည်။