my_tw/bible/names/moab.md

1.4 KiB

မောဘ၊ မောဘအမျိုးသား၊ မောဘပြည်သူ

အချက်အလက်

မောဘ သည်လောတအစ်မ၏သားဖြစ်သည်။ သူနှင့်သူ့မိသားစုနေထိုင်ရာနေရာ၏ အမည်လည်းဖြစ်လာသည်။ "မောဘအမျိုးသား" အသုံးအနှုန်းသည် မောဘအမျိုးမှဆင်းသက်လာသူ သို့မဟုတ် မောဘပြည်တွင်နေထိုင်သူဖြစ်သည်။

  • မောဘပြည်သည် ပင်လယ်သေ (ဆားငန်အိုင်) အရှေ့ဘက်တွင် တည်ရှိသည်။
  • မောဘပြည်သည် နေဧမိသားစုနေထိုင်ခဲ့ရာ ဗက်လင်မြို့၏ အရှေ့တောင်ဘက်တွင် ရှိသည်။
  • ဗက်လင်မြို့ရှိလူများက ရုသ ကို မောဘပြည်ကဖြစ်သောကြောင့် "မောဘပြည်သူ" ဟုခေါ်ကြသည်။ "မောဘပြည် အမျိုးသမီး" သို့မဟုတ် "မောဘပြည်မှ အမျိုးသမီး" ဟုလည်းပြန်နိုင်သည်။