my_tw/bible/names/melchizedek.md

3.2 KiB

မေလခိဇေတက်

အချက်အလက်

အာဗြံအသက်ရှင်သည့်အချိန်တွင် မေလခိဇေတက် သည် ဆလင်မြို့ တွင်နေထိုင်သည် (နောက်တွင်‌‌‌‌ယေရုရှလင် ဖြစ်လာသည်)

  • မေလခိဇေတက် ဟူသောနာမည်သည် "ဖြောင့်မတ်ခြင်းဘုရင်" နှင့် သူ့ရဲ့ ရာထူးဖြစ်တဲ့ "ဆလင်ဘုရင်" သည် "ငြိမ်းချမ်းရေးဘုရင်" ဟုအဓိပါယ်ရှိသည်။
  • သူ့ကို အမြင့်ဆုံးသောဘုရား၏ယဇ်ပရောဟိတ် ဟုလည်းခေါ်သည်။
  • သူ့တူ လောတကို တန်ခိုးကြီးဘုရင်များလက်မှ အာဗြံကယ်သောကြောင့် အာဗြံကိုမုန့်နဲ့ဝိုင်ဖြင့်ပြုစုရာတွင် မေလခိဇေတက် ကိုကျမ်းစာတွင်ပထမဆုံးတွေ့ရသည်။ အာဗြံသည် အောင်မြင်သိမ်းပိုက်ရရှိသော ပစ္စည်းများထဲမှ ဆယ်ပုံတစ်ပုံကို မေလခိဇေတက်အား ပေးသည်။
  • မေလခိဇေတက် သည်မိဘမရှိသောသူအဖြစ် ဓမ္မသစ်ကျမ်းစာတွင်ဖော်ပြထားသည်။ သူ့ကို ထာဝရအုပ်စိုးမည့်သူ ဟုလည်းခေါ်ခြင်းခံရသည်။
  • ယေရှု သည် မေလခိဇေတက်၏ ယဇ်ပရောဟိတ်ဆိုင်ရာအမိန့်အတိုင်း ယဇ်ပရောဟိတ် ဖြစ်သည်ဟုလည်း ဓမ္မသစ်ကျမ်းစာကပြောသည်။ ယေရှုသည် ‌ဣသရေလ ယဇ်ပရောဟိတ်များကဲ့သို့ လေဝိလူမျိုးမှဆင်းသက်လာသည်မဟုတ်။ မေလခိဇေတက် ကဲ့သို့ပဲ ယေရှု၏ ယဇ်ပရောဟိတ်ဖြစ်ခြင်းသည် ဘုရားသခင်ထံမှ တိုက်ရိုက်လာသည်။
  • ကျမ်းစာတွင်ဖော်ပြသည့်၎င်းအချက်များပေါ်အခြေခံ၍ မေလခိဇေတက် သည် ကျွန်ုပ်တို့၏ကြီးမြတ်သောယဇ်ပရောဟိတ် နှင့် ထာဝရငြိမ်းချမ်းရေးဘုရင် ယေရှုကို ရှေးရှုရန် သို့မဟုတ် ရည်ညွှန်းရန် ဘုရားသခင်ရွေးချယ်ထားသော လူသားယဇ်ပရောဟိတ် တစ်ပါးဖြစ်ကြောင်းတွေ့ရသည်။