my_tw/bible/names/macedonia.md

1.9 KiB

မာကေဒေါနိပြည်

အချက်အလက်

ဓမ္မသစ်ကျမ်းရေးချိန်တွင် မာကေဒေါနိပြည်သည် ရောမတို့လက်အောက်၌ ရှေးကျသော မြောက်ပိုင်းဂရိလူမျိုးတို့နေထိုင်ရာဒေသဖြစ်သည်။

  • မာကေဒေါနိပြည်၏ အချို့သော အမည်နာမများကို သမ္မာကျမ်းစာ၌ ဘေရိယ၊ ဖိလိပ္ပိနှင့် သက်သာလောနိတ်စသော မြို့တို့ဖော်ပြလေ့ရှိသည်။
  • ရူပါရုံအားဖြင့် ရှင်ပေါလုအား ဘုရားသခင်က မာကေဒေါနိပြည်သားတို့အား ဧ၀ံဂေလိသတင်းကောင်း ဟောကြားရန်ပြောခဲ့သည်။
  • ရှင်ပေါလုနှင့်သူ့လုပ်ဖော်ကိုင်ဖက်တို့သည် မာကေဒေါနိပြည်သို့သွား၍ ခရစ်တော်၏အကြောင်းကို သင်ကြားခြင်းနှင့် ယုံကြည်သူသစ်များ ယုံကြည်ခြင်း၌ ကြီးထွားရန် ကူညီခဲ့သည်။
  • သမ္မကျမ်းစာထဲ၌ ရှင်ပေါလုသည် မာကေဒေါနိပြည်ရှိ ယုံကြည်သူဖိလိပ္ပိမြို့သူ၊သားများနှင့် သက်သာလောနိမြို့သူ၊သားများသို့ရေးသားသော စာစောင်များရှိသည်။