my_tw/bible/names/luke.md

1.9 KiB

လုကာ၊ ရှင်လုကာခရစ်ဝင်

အချက်အလက်

လုကာသည် ရှင်လုကာခရစ်ဝင်ကျမ်း နှင့် တမန်တော်ဝတ္တုကို ရေးသားခဲ့သော ဓမ္မသစ်ကျမ်းရေးဆရာတစ်ဦးဖြစ်သည်။

  • လုကာသည် ဆရာဝန်တစ်ဦးဖြစ်ကြောင်း ကောလောသဲဩဝါဒစာတွင် ပေါလုဖော်ပြထားသည်။ ပေါလု၏အခြားဩဝါဒစာ နှစ်စောင်တွင်လည်း လုကာအမည်ကိုဖော်ပြထားပြန်သည်။
  • ခရစ်တော်ကို မသိရှိမှီ လုကာသည် တပါးအမျိုးသာ ဂရိလူမျိုးတစ်ဦးဖြစ်သည်။ ရှင်လုကာခရစ်ဝင်ကျမ်းတွင် လုကာက ယေရှုသည် ယုဒအမျိုးသားများ နှင့် တပါးအမျိုးသားများကို တန်းတူညီမျှချစ်ကြောင်း ကျမ်းညွန်းများစွာဖြင့်အထင်ရှားဖော်ပြထားသည်။
  • လုကာသည် ပေါလု၏ သာသနာ့ခရီးစဉ် နှစ်ခုတွင် လိုက်ပါ၍ ပေါလုအားအကူညီပေးခဲ့သည်။
  • ဆီးရီးယားတိုင်းပြည်၊ အန္တီအုတ်မြို့ တွင် လုကာကို ဖွားမြင်ခဲ့သည်ဟု ကနဦးအသင်းတော် စာပေတစ်ချို့ တွင်တွေ့ရှိရသည်။