my_tw/bible/names/lebanon.md

1.9 KiB

လေဗနုန်

အချက်အလက်

ဣသရေလ မြောက်ပိုင်း၊ မြေထဲပင်လယ်ကမ်းခြေတလျှောက် လှပသော တောင်တန်းများရှိရာဒေသကို လေဗနုန် ဟုခေါ်သည်။ သမ္မာကျမ်းစာအချိန်ကာလများ၌၊ ဤဒေသသည် သစ်ကတိုးနှင့်ကျောက်ပန်းပင်သစ် စသည့် ထင်းရှုးပင်များဖြင့် သစ်တောထူထပ်သော နေရာဒေသဖြစ်ခဲ့သည်။

  • ရှောလမုန်ဘုရင်က ဘုရားသခင်၏ ဗိမာန်တော်တည်ဆောက်ခြင်း၌ သစ်ကတိုးပင်များ အသုံးပြုရန် အလုပ်သမားကို လေဗနုန်တောင်သို့ စေလွှတ်ခဲ့သည်။
  • ရှေးခေတ် လေဗနုန်ဒေသတွင် ကုန်သွယ်ကူးသန်းမှုအတွက် အသုံးပြုသော သင်္ဘောတည်ဆောက်ခြင်း အတတ်ပညာကျွမ်းကျင်သော ရှေးခေတ်ဆီးမိုက်အနွယ်ဝင်များ အခြေချနေထိုင်ခဲ့ကြသည်။
  • တုရုမြို့ နှင့် သောဒုံမြို့များသည် လေဗနုန်ဒေသတွင် တည်ရှိခဲ့သည်။ ထိုမြို့များတွင် တန်ဖိုးကြီးသောပိတ်ထည်များကို အရောင်ဆိုး၍ ပထမဆုံး အသုံးပြုခဲ့ကြသည်။