my_tw/bible/names/johnthebaptist.md

2.2 KiB

ယောဟန်(နှစ်ခြင်းဆရာ)

အချက်အလက်

ယောဟန်သည် ဇာခရိနှင့်ဧလိဇဘတ်တို့၏သားဖြစ်သည်။ ယောဟန်အမည်နာမသည် ဘုံဖြစ်သည်အလျောက် သူ့ကို နှစ်ခြင်းဆရာယောဟန်အဖြစ် အခြားသောနာမည်များနှင့်မတူ ခေါ်ဆိုထားသည်။

  • ယောဟန်သည် ဘုရားသခင်မှ မေရှိယကြွလာရန်အတွက် လူများမိမိယုံကြည်မှုကိုပြင်ဆင်ကြရန် စေလွတ်သော ပရောဖက်တစ်ပါးဖြစ်သည်။
  • လူတွေမိမိတို့အပြစ်များ၀န်ချတောင်းပန်ရန်၊ ဘုရားဆီသို့ပြန်လှည့်လာရန်၊ အပြစ်မပြုတော့ရန်ဟောကြားသည်။ သို့မှသာ သူတို့သည် မေရိယကိုလက်ခံကြလိမ့်မည်ဖြစ်သည်။
  • ယောဟန်သည်လူများစွာကိုသူတို့အပြစ်မှနောင်တရပြီးအပြစ်နှင့်‌‌‌‌ေ၀းသော အသက်တာတည်ရှိရန် ရေ၌နှစ်ခြင်းမဂ်လာကိုပေးခဲ့သည်။
  • ယောဟန်ကို "နှစ်ခြင်းဆရာယောဟန်" ဟုခေါ်ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် လူများစွာကိုရေနှစ်ခြင်းမင်္ဂလာပေးသောကြောင့်ဖြစ်သည်။
  • "နှစ်ခြင်းဆရာ" ဟုဆိုရာတွင် အသင်းတော်ကိုဆိုလိုခြင်းမဟုတ်ဘဲ "ရေ၌နှစ်ခြင်းမဂ်လာပေးခြင်း" ကြောင့်ဖြစ်သည်။