my_tw/bible/names/joab.md

1.7 KiB

ယွာဘ

အချက်အလက်

ဒါဝိဒ်ဘုရင် အုပ်ချုပ်သောကာလတလျှောက်လုံးတွင် ယွာဘသည် အလွန်အရေးပါသော စစ်တပ်ခေါင်းဆောင်တယောက်ဖြစ်သည်။

  • ဒါဝိဒ်ဘုရင်မဖြစ်ခင်ကပင် ယွာဘသည် ဒါဝိဒ်၏ သစ္စာရှိသော နောက်လိုက်ကောင်းတယောက်ဖြစ်သည်။
  • နောက်ပိုင်းတွင် ဣသရေလနိုင်ငံကို ဒါဝိဒ်ရှင်ဘုရင်အဖြစ်အုပ်ချုပ်ချိန်၌ ယွာဘသည် ဒါဝိဒ်မင်း၏ စစ်တပ်တွင် တပ်မှုးဖြစ်လာသည်။
  • ယွာဘသည် ဒါဝိဒ်မင်း၏ တူလဲဖြစ်သည်။ ယွာဘ၏ မိခင်မှာ ဒါဝိဒ်မင်း၏ ညီအစ်မတဦးဖြစ်သည်။
  • ဒါဝိဒ်မင်း၏သား အဗရှလုံသည် သစ္စာဖောက်ပြီး ဒါဝိဒ်ဘုရင်၏ နေရာကိုလုယူသောအခါ ယွာဘသည် ဘုရင်ကို ကာကွယ်သောအားဖြင့် အဗရှလုံကို သတ်ခဲ့သည်။
  • ယွာဘသည် ကြမ်းတမ်းခက်ထန်သော တိုက်ခိုက်သူတယောက်ဖြစ်ပြီး ဣသရေလ ရန်သူများစွာကို သတ်ဖြတ်ခဲ့သည်။