my_tw/bible/names/jamessonofzebedee.md

1.7 KiB

ယာကုပ် (ဇေဗေဒဲ၏သား)

အချက်အလက်

ဇေဗေဒဲ၏သား ယာကုပ်သည် ယေရှု၏ တမန်တော် ၁၂ ပါးတွင် တပါးဖြစ်သည်။ ယေရှု၏ တမန်တော်တပါးဖြစ်သည့် ယောဟန်သည် သူ၏ညီဖြစ်သည်။

  • ယာကုပ်နှင့် ယောဟန်တို့သည် သူတို့၏ ဖခင်ဇေဗေဒဲနှင့် အတူ ငါးဖမ်းသောအလုပ်လုပ်ကြသည်။
  • ယာကုပ်နှင့် ယောဟန်တို့ကို "မိုးကြိုး၏သားများ" ဟု နောက်ပြောင်ခေါ်လေ့ရှိသည်။ အကြောင်းမှာ သူတို့သည် ဒေါသထွက်မြန်သောသူများဖြစ်ကောင်း ဖြစ်လိမ့်မည်။
  • ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် ယေရှုနှင့် အနီးကပ်ဆုံးနေသောသူများဖြစ်ပြီး ဧလိယ၊ မောရှေတို့နှင့်အတူ ယေရှုတောင်ပေါ်တွင် ရှိနေချိန်၌သော၎င်း၊ သေသွားသော မိန်းကလေးတယောက်ကို ပြန်ရှင်စေသော အံ့ဖွယ်အမှုများပြုသော အချိန်၌သူတို့သည် ယေရှုအနားတွင်ရှိနေကြသည်။