my_tw/bible/names/hittite.md

2.5 KiB

ဟိတ္တိ၊ ဟိတ္တိလူ၊ ဟိတ္တိအမျိုးသား၊ ဟိတ္တိပြည်

အချက်အလက်

ဟိတ္တိလူမျိုးသည် ဟာမ၏သား ခါနာန်အားဖြင့် ဟာမ၏ ဆွေစဉ်မျိုးဆက်ဖြစ်သည်။ သူတို့သည် ကြီးမားသော အင်ပါယာဖြစ်လာပြီး ယခုတူရကီနှင့် မြောက်ဘက်ပါလက်စတိုင်းတွင် တည်ရှိသည်။

  • အာဗြဟံသည် သေဆုံးသွားသော သူ့မယားစာရာကို သဂြိုလ်ရန် ဟိတ္တိအမျိုး ဧဖရုန်ထံမှ မြေတစ်ကွက်ဝယ်ခဲ့သည်။ နောက်ဆုံးတွင် အာဗြဟံနှင့် သူ၏ ဆွေမျိုးတစ်ချို့ကိုလည်း ထိုမြေကွက်၌ သဂြိုလ်ခဲ့သည်။
  • ဧသောသည် ဟိတ္တိအမျိုးသမီး ၂ ယောက်နှင့် အိမ်ထောင်ပြုသောကြောင့် သူ၏မိဘများအလွန်ဝမ်းနည်းကြသည်။
  • ဒါဝိဒ်၏ အားကြီးသော စစ်သူရဲတစ်ယောက်၏ နာမည်မှာ ဟိတ္တိအမျိုးဉရိယဖြစ်သည်။
  • ရှောလမုန်သည် တပါးအမျိုးသမီးများကို လက်ထပ်ရာ၌ တချို့မှာ ဟိတ္တိအမျိုးသမီးများဖြစ်သည်။ ထိုအမျိုးသမီးများသည် မှားယွင်းသောဘုရားကိုးကွယ်သူများ ဖြစ်သောကြောင့် ရှောလမုန်၏စိတ်နှလုံးကို ဘုရားသခင်နှင့် ဝေးကွာစေခဲ့သည်။
  • ဟိတ္တိအမျိုးသည် ဣသရေလလူမျိုးများအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးဆိုင်ရာ ၂ မျိုးစလုံးအတွက် မကြာခဏထိတ်လန့်စရာဖြစ်သည်။