my_tw/bible/names/hezekiah.md

1.8 KiB

ဟေဇကိ၊ ဟေဇကိမင်း

အချက်အလက်

ဟေဇကိသည် ယုဒနိုင်ငံ၏ ၁၃ ယောက်မြောက်ဘုရင်ဖြစ်ပြီး ဘုရားသခင်ကို အားကိုးနာခံသောသူဖြစ်သည်။

  • ဟေဇကိသည် သူ့ဖခင်အာခတ်ကဲ့သို့ ဆိုးသောမင်းမဟုတ်ဘဲ ကောင်းသောဘုရင်ဖြစ်သည်။ ယုဒပြည်ရှိ ရုပ်တုကိုးကွယ်သော နေရာများအားလုံးကို ဖျက်ဆီးခဲ့သည်။
  • တစ်ချိန်တွင် ဟေဇကိသည် သေလုမသက်ဖျားနာခဲ့ပြီး၊ သူ့အသက်ချမ်းသာရရန် ဘုရားသခင်ထံ၌ အပြင်းအထန်ဆုတောင်းခဲ့သည်။ ဘုရားသခင်ကသူ့ကို အနာငြိမ်းစေခဲ့ပြီး နောက်ထပ် ၁၅ နှစ် အသက်ရှင်ခွင့်ပေးခဲ့သည်။
  • အမှတ်လက္ခဏာတခု ဟေဇကိ၌ ဖြစ်ပျက်ခဲ့သည်။ ဘုရားသခင်သည် နမိလက္ခဏာအားဖြင့် အချိန်ကို နောက်ဆုတ်ပေးခဲ့သည်။
  • ဘုရားသခင်သည် ဟေဇကိမင်း၏ ဆုတောင်းသံကို အဖြေပေးပြီး သူ့လူများကို သူ့ကိုတိုက်ခိုက်သော အာရှုရိဘုရင်လက်မှ ကယ်တင်ခဲ့သည်။