my_tw/bible/names/geshur.md

1.4 KiB

ဂေရှုရ၊

အချက်အလက်

ဒါဝိဒ်မင်းကြီးနန်းထိုင်စဉ်အခါက ဂေရှုရသည် နိုင်ငံငယ်လေးတစ်ခုဖြစ်ပြီး ဂါလိလဲအိုင်၏ အရှေ့ဖက်တွင် တည်ရှိသည်။ ဣသရေလနှင့် အာရံတို့၏ ကြားနိုင်ငံလေးလည်း ဖြစ်သည်။

  • ဒါဝိဒ်မင်းကြီးသည် ဂေရှုရဘုရင်ကြီး၏သမီးမာခါနှင့် လက်ထပ်ထိမ်းမြှားခဲ့ပြီး အဗရှလုံဟူသော သားတစ်ဦးဖြစ်ထွန်းခဲ့သည်။
  • သူ၏ညီအစ်ကို အာမနုန် အသတ်ခံရပြီးနောက် အဗရှလုံသည် အရှေ့မြောက်ဖက် ယေရုရှလင်မြို့မှ ဂေရှုရမြို့သို့ ထွက်ပြေးခဲ့သည်။ ထိုနှစ်ခုကြားအကွာအဝေးမှာ ၈၈မိုင်ခန့် ကွာဝေးသည်။ အဗရှလုံသည် ထိုမြို့၌သုံးနှစ်ကြာနေထိုင်ခဲ့သည်။