my_tw/bible/names/gaza.md

2.7 KiB

ဂါဇမြို့၊

အချက်အလက်

သမ္မာကျမ်းစာဖော်ပြချက်အရ ဂါဇမြို့သည် ပါလက်စတိုင်းနယ်၏ ကြီးမားသောစီးပွားရေးမြို့လည်းဖြစ်သည်။ အာဇုတ်မြို့၏တောင်ဖက် ၃၈ ကီလိုမီတာအကွာတွင် တည်ရှိပြီး မြေထဲပင်လယ် ကမ်းခြေမြို့လည်းဖြစ်သည်။ ပါလက်စတိုင်း၏ မြိုကြီးငါးမြို့ထဲတွင်လည်းပါဝင်သည်။

  • ဘာကြောင့်ဂါဇမြို့သည် အချက်အခြားမြို့ရသည်ကို ဖော်ပြရလျှင် ထိုဂါဇမြို့သည် လူတန်းစားအလွှာအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့၏ စီးပွားရေးရောင်းဝယ်ဖောက်ကားရာ အချက်အခြာမြို့ကျသော ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည်။
  • ယခုမျက်မှောက်ခေတ်၌လည်း ဂါဇမြို့သည် ပင်လယ်ဆိပ်ကမ်းမြို့အဖြစ်တည်ရှိနေသည်။ ထိုဂါဇမြို့သည် မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဣသရေလပြည်မြောက်ဖက်နှင့် အရှေ့ဖက်ခြမ်းတွင်၎င်း အီဂျစ်ပြည်၏တောင်ဖက်ပိုင်းတွင် တည်ရှိသည်။
  • ပါလက်စတိုင်းရှိ ဖိလတ္တိလူတို့သည် ရှံဆုန်အားဖမ်းဆီးခေါ်ဆောင်လာသောနေရာသည်လည်း ဂါဇာမြို့ပင်ဖြစ်သည်။
  • အဲသယောပိပြည်သားတစ်ယောက်နှင့် တွေ့ဆုံခဲ့သောအချိန်၌ ဖိလိပ္ပုသည် ဧဝံဂေလိဆရာတစ်ဦးအဖြစ်နှင့် အမူတော်ဆောင်ရင်း သဲကန္တာရတစ်လျှောက် ဖြတ်သန်းသွားသောလမ်းသည် ဂါဇမြို့လမ်းမဖြစ်သည်။