my_tw/bible/names/gath.md

2.5 KiB

ဂါသမြို့၊

အချက်အလက်

ဂါသမြို့သည် ပါလက်စတိုင်း (ဖိလတ္တိမြို့) ရှိ အထင်ကရမြို့ကြီးငါးမြို့တွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဂါသမြို့သည် ဧကြုန်မြို့၏မြောက်ဖက် နှင့် အာဇုတ်မြို့၊ အာရှကေလုန်မြို့ အရှေ့ဖက်၌ တည်ရှိသည်။

  • ပါလက်စတိုင်းရှိ ဖိလိတ္တိလူဖြစ်သော ဂေါလျက်သည် ဂါသမြို့မှဖြစ်သည်။
  • ယဇ်ပရောဟိတ်ရှမွေလ၏ခေတ်ကာလ၌ ပါလက်စတိုင်းရှိ ဖိလတ္တိလူမျိုးတို့သည် ဣသရေလလူမျိုးတို့၏ ပဋိညာဉ်သေတ္တာတော်ကို ခိုးယူခဲ့ကြပြီး ထိုသေတ္တာတော်ကို အာဇုတ်မြို့ရှိ နတ်ဘုရားများရှေ့ ၌ ထားရှိခဲ့ကြသည်။ ထိုနောက်ဂါသမြို့ သို့ရောက်ရှိပြီးနောက် ဧကြုန်မြို့သို့ ပို့ဆောင်ခဲ့ကြသည်။ သို့သော် ထိုသေတ္တာတော်ကို သယ်ဆောင်သွားသော မြို့သူမြို့သားများအား ဘုရားသခင်က ရောဂါကပ်ဘေးဖြင့် ပြစ်ဒဏ်ပေးခဲ့သည့်အတွက် ဣသရေလတိုင်းပြည်သို့ ပြန်လည်ပို့ဆောင်ခဲ့ရသည်။
  • ဒါဝိဒ်သည် ရှင်ဘုရင်ရှောလုထံမှ တိမ်းရှောင်သောအချိန်၌, သူသည် ဂါသမြို့သို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သူ၏ဇနီးသည် နှစ်ဦးနှင့် ခဏတာနေထိုင်ခဲ့ကြသည်။ နောက်တွင် ဒါဝိဒ်၌သစ္စာရှိသောနောက်လိုက်ခြောက်ရာလည်းရှိခဲ့သည်။