my_tw/bible/names/ezra.md

2.2 KiB

ဧဇရ

အချက်အလက်

ဧဇရ သည်ဣသရေလလူများ နှစ်ပေါင်း (ရ၀) ဖမ်းဆီးခံရာဗာဗုလုန်မှ ယေရုရှလင်သို့ပြန်လာသည့် အကြောင်းကိုသမိုင်းမှတ်တမ်းတင်ခဲ့သည့် ဂျူး ပညတ်တော် (ဥပဒေ) ကျွမ်းကျင်ပညာရှင်နှင့် ဣသရေလယဇ်ပရောဟိတ် တစ်ပါးဖြစ်သည်။

  • ဧဇရ သည်ဣသရေလသမိုင်း၏ ဤအပိုင်းကို သမ္မာကျမ်းစာရှိ ဧဇရမှတ်စာတွင် မှတ်တမ်းတင်ခဲ့သည်။ သူသည် နေဟမိမှတ်စာကို လည်းရေးခဲ့သူဖြစ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းနှစ်ခုသည် မူရင်းတွင် တစ်အုပ်တည်းဖြစ်သောကြောင့်ဖြစ်သည်။
  • ယေရုရှလင်သို့ပြန်လာပြီးနောက် ဣသရေလလူမျိုးများသည် ဘုရားမဲ့ဝါဒီအမျိုးသမီးများနှင့် အိမ်ထောင်ပြုပြီး ဥပုဒ်နေ့ ကိုလိုက်လျှောက်ခြင်းမရှိတော့သောကြောင့် ဧဇရ သည် ပညတ်တော် (ဥပဒေ)ကိုပြန်ရေးဆွဲခဲ့သည်။
  • ယေရုရှလင်ကို သိမ်းပိုက်ခဲ့စဉ် ဗာဗုလုန်လူမျိုးများဖျက်ဆီးခဲ့သော ဗိမာန်တော်ကိုလည်း ဧဇရသည် ပြန်လည်ကူဆောက်ခဲ့သည်။
  • ဓမ္မဟောင်းကျမ်းစာတွင် ဧဇရ အမည်ရှိသော အခြားလူ နှစ်ယောက်ကိုဖော်ပြထားသည်။