my_tw/bible/names/ezekiel.md

1.7 KiB

ယေဇကျေလ

အချက်အလက်

ယေဇကျေလ သည် ဣသရေလလူမျိုးများ ဗာဗုလုန်သို့ အသိမ်းခံသည့်ကာလအတွင်း ဘုရားသခင်၏ ပရောဖက်တစ်ပါး ဖြစ်သည်။

  • ယေဇကျေလသည် ဗာဗုလုန်တပ်မှ သူနှင့်အခြားဣသရေလလူများစွားကို ဖမ်းဆီးချိန်တွင် ယုဒပြည်တွင်နေထိုင်သော ယဇ်ပရောဟိတ်တစ်ပါးဖြစ်သည်။
  • နှစ်ပေါင်းများစွာ သူနှင့်သူ့ဇနီးသည် မြစ်တစ်စင်းအနီး ဗာဗုလုန်တွင်နေထိုင်ကြပြီး ဣသရေလလူများသည် သူဟောပြောမည့် ဘုရားသခင်၏စကားတော်ကို ကြားနာဖို့သူ့ထံသို့လာကြသည်။
  • အခြားအရာများစွာထဲမှ ယေဇကျေလ သည် ယေရုရှလင်နှင့်ဗိမာန်တော်ပျက်စီးမည့်အကြောင်းနှင့် ပြန်လည်တည်ဆောက်မည့်အကြောင်းများကို ပရောဖက်ပြုခဲ့သည်။
  • မေရှိယ၏ အနာဂတ်နိုင်ငံတော်အကြောင်းကိုလည်း ပရောဖက်ပြုခဲ့သည်။