my_tw/bible/names/ephesus.md

1.8 KiB

ဧဖက်မြို့

အချက်အလက်

ဧဖက်မြို့သည် ရှေးဂရိမြို့တမြို့ဖြစ်ပြီး ယခုတူရကီနိုင်ငံ၏ အနောက်ဘက်ကမ်းခြေ၌ တည်ရှိသည်။

  • ရှေးကနဦးခရစ်ယာန်များအချိန်၌ အာရှိပြည်၏မြို့တော်ဖြစ်ပြီး ထိုအချိန်က သေးငယ်သောရောမတိုင်းဒေသတခုလဲဖြစ်သည်။
  • ဧဖက်မြို့၏ တည်နေရာအနေအထားကြောင့် ဤမြို့သည် စီးပွားကုန်သွယ်သွားလာမှု၏ ဗဟိုအချက်အချက်ဖြစ်ခဲ့သည်။
  • အာတေမိနတ်ဘုရားမကို ကိုးကွယ်သောဘုရားမဲ့ဝါဒီတို့၏ ဗိမ္မာန်သည် ဧဖက်မြို့တွင်ရှိသည်။
  • ရှင်ပေါလုသည် ဧဖက်မြို့၌ ၂ နှစ်ကျော်မျှ နေထိုင်ခဲ့ပြီး အလုပ်လုပ်ခဲ့သည်။ ၂ နှစ်ကျော်ပြီးမှ ထိုမြို့ရှိ ယုံကြည်သူအသစ်များကို ဦးဆောင်ရန် တိမောသေကို ခန့်အပ်ခဲ့သည်။
  • ဓမ္မသစ်ကျမ်းရှိ ဧဖက်ဩဝါဒစာသည် ဧဖက်မြို့၌ ရှိသော ယုံကြည်သူများထံသို့ ရှင်ပေါလုရေးသောစာဖြစ်သည်။