my_tw/bible/names/edom.md

2.3 KiB

ဧဒုံ၊ ဧဒုံအမျိုး

အချက်အလက်

ဧဒုံသည် ဧသော၏ အခြားနာမည်တခုဖြစ်သည်။ ဧဒုံနေသောဒေသကို ဧဒုံပြည်ဟုခေါ်ကြသည်။ နောက်မှ ဣဒုမဲ ဟုခေါ်သည်။ ဧဒုံအမျိုးမှာ ဧဒုံ၏ ဆွေစဉ်မျိုးဆက်ဖြစ်သည်။

  • ဧဒုံဒေသ၏ တည်နေရာသည် နောက်ပိုင်းတွင် ပြောင်းသွားသည်။ အများအားဖြင့် ဣသရေလပြည်၏ တောင်ပိုင်းတွင်ရှိသော်လည်း နောက်ဆုံးတွင် ယုဒပြည်တောင်ပိုင်းသို့ တိုးချဲ့သွားသည်။
  • ဓမ္မသစ်အချိန်၌ ဧဒုံပြည်သည် ယုဒပြည်တောင်ပိုင်း၏ တဝက်ထိဖုံးလွှမ်းသွားသည်။ ဂရိလို ဣဒုမဲဟု ခေါ်သည်။
  • ဧဒုံ၏ အဓိပ္ပာယ်မှာ အနီရောင်ဖြစ်သည်။ ဧသောမွေးသောအချိန်၌ ဆံပင်နီဖုံးလျှက် မွေးလာခြင်းကြောင့်ဖြစ်သည်။ သို့မဟုတ် ဧသောသည် သူ၏သားဦးအရာကို အနီရောင်ပဲဟင်းနှင့် လဲလှယ်ခဲ့သောကြောင့်လည်းဖြစ်သည်။
  • ဓမ္မဟောင်းကာလ၌ ဧဒုံကို ဣသရေလ၏ရန်သူအဖြစ် အမြဲတမ်းတွေ့ရသည်။
  • ဩဗဒိဗျာဒိတ်ရူပါရုံ တကျမ်းလုံးသည် ဧဒုံပြည် ပျက်စီးခြင်းအကြောင်းကို ရေးထားသည်။ အခြားသော ဓမ္မဟောင်း ပရောဖက်များက အမြဲတမ်း ဧဒုံကို မကောင်းကြောင်း ဆန့်ကျင်ပြောကြသည်။