my_tw/bible/names/daniel.md

2.7 KiB

ဒံယေလ၊

အချက်အလက်

ဒံယေလသည် ဗာဘုလုန် ရှင်ဘုရင်ကြီး နေဗုခဒ်နေဇာက ဘီစီ ၆၀၀ ခန့် တွင် ဣသ‌ရေလလူမျိုးများတိုက်ခိုက်သိမ်းပိုက်ချိန်၌ ပါ၀င်သော အသက်အငယ်ဆုံး ပရောဖက် တစ်ပါး ဖြစ်သည်။

  • အဲဒီအချိန် သည် ယုဒပြည်မှ ဣသရေလလူမျိုးများ ဗာဘုလုန် နိင်ငံသို့ အနှစ် ၇၀ ကြာ သိမ်းပိုက် ခေါ်ဆောင်သွားခြင်းခံရသည့် အချိန် ဖြစ်သည်။
  • ဒံယေလကိုတော့ ဗာဘုလုန် နာမည်သစ် "ဗေလတရှာဇာ"ပေးပါသည်။
  • ဒံယေလသည် ရိုးသားဖြောင့်မတ်ပြီး ဘုရားသခင်ကို ယုံကြည်ကိုးစားသော လူငယ်တစ်ပါး ဖြစ်သည်။
  • ဘုရားသခင်သည် ဒံယေလအား ဗာဘုလုန် ရှင်ဘုရင်၏ အိပ်မက်များနှင့်ရုပါရုံများကို ဖွင့်ဆိုပေးနိင်စွမ်းပေးခဲ့သည်။
  • သူရဲ့စွမ်းဆောင်ရည်နှင့် ကြိုးစားအားထုတ်မှုကြောင့် ဒံယေလမှာ ဗာဘုလုန် အင်ပါယာ၏မြင့်မား သော ရာထူးတာဝန်ပေးအပ်ခြင်းခံခဲ့ ပါသည်။
  • နှစ်ပေါင်းကြာလာသော် သူကိုးကွယ်နေသည့် ထာဝရဘုရားကိုစွန့်လွှတ်ပြီး ရုပ်တုကိုးကွယ်ရန် ဒါရိမင်းကြီး၏ လှည့်စားခြင်းကို ခံခဲ့ပါ သည်။ ဒံယေလသည် ထာဝရ ဘုရားကို ဆက်လက်ကိုးကွယ်သောကြောင့် ခြင်္သ့တွင်းထဲသို့ ပစ်ချခြင်း ခံခဲ့သည်။ သို့သော်လည်း ခြင်္သ့တွင်းထဲတွင် ဘုရားသခင်ကာကွယ်စောင့်မ သဖြင့် အနာတစ်ခုမှ မခံစားရချေ။