my_tw/bible/names/capernaum.md

1.6 KiB

ကပေရနောင်

အချက်အလက်

ကပေရနောင်သည် ဂါလိလဲပင်လယ် အနောက်မြောက်ကမ်းခြေတွင်တည်ရှိသော တံငါရွာလေးဖြစ်သည်။

  • ယေရှုသည် ဟောပြောသင်ကြားစဉ်တိုင်းဂါလိလဲနယ် ကပေရနောင်တွင်နေထိုင်ခဲ့သည်။
  • ယေရှု၏တပည့်တော်အများစုသည် ကပေရနောင်မှဖြစ်သည်။
  • ယေရှုသည် သေဆုံးနေသည့် မိန်းကလေးငယ်ကိုရှင်ပြန်စေသည့်အမှုအပါအဝင် အခြားသောအံ့ဖွယ်နမိတ်လက္ခာဏာများကို ကပေရနောင်တွင်ပြုလုပ်ခဲ့သည်။
  • ကပေရနောင်မြို့သည် ယေရှုကိုငြင်းဆိုပြီး သူ၏ဟောပြောမှုကိုမယုံကြည်သောကြောင့် ယေရှသည် လူသိရှင်ကြား အပြစ်တင်ထားသော မြို့ (၃) မြို့ထဲမှတစ်မြို့ဖြစ်သည်။ သူတို့၏မယုံကြည်မှုကို ဘုရားကစီရင်မည့်ဖြစ်ကြောင်း ယေရှုသတိပေးခဲ့သည်။