my_tw/bible/names/caiaphas.md

1.6 KiB

ကယာဖ

အချက်အလက်

ကယာဖသည် နှစ်ခြင်းဆရာယောဟန်နှင့် ယေရှုခေတ်တွင် ဣသရေလလူမျိုးများ၏ ယဇ်ပုရောဟိတ်မင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

  • ယေရှုကိုစစ်ဆေးခြင်း၊ စီရင်ချက်ချခြင်းတွင် ကယာဖသည် အဓိကနေရာမှ ပါဝင်ခဲ့သည်။
  • ယဇ်ပုရောဟိတ်မင်း အန္နတ်နှင့် ကယာဖတို့သည် ပေတရုနှင့်ယောဟန်တို့သည် ခြေဆွံသူကိုပျောက်ကင်းစေပြီးနောက်ဖမ်းဆီးခံရချိန်တွင် စစ်ဆေးစုံစမ်းခဲ့ကြသူမျာဖြစ်ကြသည်။
  • ကယာဖသည် တိုင်းနိုင်ငံတစ်ခုလုံးပျက်စီးရမည်ထက် လူတစ်ဦးပျက်စီးရခြင်းသည်ပိုမြတ်သည်ဟု ပြောဆိုခဲ့သူဖြစ်သည်။ ယေရှုသေခြင်းသည် သူ၏လူများကိုကယ်တင်ခြင်းဖြစ်သည်ဟု ဘုရားသခင်က သူ့ကိုပရောဖက်ပြုခြင်းအနေဖြင့် ပြောဆိုစေခဲ့သည်။