my_tw/bible/names/asherim.md

2.1 KiB

အာရှရ၊ အာရှရတိုင်၊ အာရှရနတ်ဘုရားမ

အချက်အလက်

အာရှရ ဆိုသည်မှာ ဓမ္မဟောင်းခေတ် ခါနာန်လူများကိုးကွယ်သော နတ်ဘုရားမအမည်ဖြစ်သည်။ နာမည်ဆင်တူပြီး ကွဲပြားသောအခြားနတ်ဘုရားမ၏အမည်လည်းဖြစ်သည်။

  • အာရှရတိုင် ဆိုသည်မှာ နတ်ဘုရားမ၏ရုပ်တုကိုထွင်းထုထားသောသစ်သားဖြစ်သည်။
  • ဗာလဘုရားကို အာရှရ၏ ယောကျာ်းဟုယူဆပြီး ဗာလဘုရားရုပ်တုဘေးတွင် အာရှရပင် များကိုထားလေ့ရှိသည်။ အချို့က ဗာလကို နေဘုရားအဖြစ်ကိုးကွယ်ပြီး အာရှရ ကိုလနတ်ဘုရားမအဖြစ်ကိုးကွယ်သည်။
  • ထာဝရဘုရားက အာရှရရုပ်တုအားလုံးကိုဖျက်ဆီးရန် ဣသရေလလူမျိုးကို မှာကြားထားသည်။
  • ဣသရေလခေါင်းဆောင်များဖြစ်သော ဂိဒေါင်၊ ဘုရင်အာသ၊ ဘုရှင် ယောရှိတို့သည် ဘုရားစကားနားထောင်ပြီး ထိုနတ်ရုပ်များကိုဖျက်ဆီးပစ်ခဲ့သည်။
  • အခြားဣသရေလခေါင်းဆောင်များဖြစ်သော ရှောလမုန်၊ မနာရှေ၊ အာဟပ် တို့သည် အာရှရပင်များကိုမဖျက်ဆီးပဲ လူများကိုးကွယ်ရန်အခွင့်ပေးခဲ့ကြသည်။