my_tw/bible/names/aram.md

2.8 KiB

အာရမ်၊ အာရမ်မီး၊ အာရမစ်

အချက်အလက်

အာရမ် ဆိုသည်မှာ ဓမ္မဟောင်းကျမ်းမှ လူနှစ်ယောက်၏နာမည်ဖြစ်သည်။ ခါနာန်ပြည် အရှေ့မြောက်ဖက် (ယခု ဆီးရီးယားပြည်)ရှိဒေသတစ်ခု၏အမည်လည်းဖြစ်သည်။

  • အာရမ် တွင်နေထိုင်သူများကို အာရမ်မီး ဟုခေါ်ပြီး သူတို့သည် အာရမစ်ဘာသာစကားကိုပြောဆိုသည်။ ယေရှုနှင့် ထိုခေတ်ရှိ ယုဒလူတို့သည်လည်း အာရမစ်ဘာသာစကားပြောဆိုကြသည်။
  • ရှေမ၏သားတစ်ယောက်ကို အာရမ်ဟုနာမည်ပေးထားသည်။ နောက်ထပ် အာရမ်အမည်ရှိသောသူမှာ ရေဗက္္က ၏ဝမ်းကွဲဖြစ်သည်။ အာရမ်ဟူသောဒေသကို ထိုသူနှစ်ယောက်အမည်အစွဲပြုပြီး နာမည်ပေးထားခြင်းဖြစ်နိုင်သည်။
  • အာရမ် ဟူသောအမည်ကို ဟေလသဘာသာ ရှုရိ(ဆီးရီးယား)ဟုလည်းခေါ်ဆိုသည်။
  • ပါဒမ်အာရမ် ဟူသောဝေါဟာရမှာ အာရမ်လွင်ပြင် ကိုခေါ်ဆိုခြင်းဖြစ်ပြီး အာရမ်မြောက်ပိုင်းတွင်တည်ရှိပါသည်။
  • အာဗြံဟံ၏ ဆွေမျိုးတစ်ချို့သည် ပါဒမ်အာရမ် အရပ်တွင်တည်ရှိသော ဟာရမ်မြို့တွင်နေထိုင်ကြသည်။
  • ဓမ္မဟောင်းကျမ်းတွင် အာရမ် နှင့် ပါဒမ်အာရမ် ဟူသောအမည်မှာတစ်ခါတစ်ရံတွင် တူညီသောဒေသတစ်ခုတည်းကို ရည်ညွှန်းပါသည်။
  • အာရမ်နဟာရမ် ဟူသောစကားမှာ အာရမ်မြစ်နှစ်စင်းကို ဆိုလိုပါသည်။ ထိုဒေသမှာ မက်ဆိုပိုတေးမီးယား တောင်ပိုင်း၊ ပါဒမ်အာရမ်၏ အရှေ့ပိုင်းတွင်တည်ရှိသည်။