my_tw/bible/names/aquila.md

1.5 KiB

အာကုလ

အချက်အလက်

အာကုလသည် ယုဒလူမျိုးခရစ်ယာန်ဖြစ်ပြီး ပင်လယ်နက်၏ တောင်ဖက်ကမ်းရိုးတန်းရှိ ပုန္တု ပြည်မှဖြစ်သည်။

  • အာကုလနှင့် ပြစ်ကိလတို့သည် အီတလီနိုင်ငံ၊ ရောမမြို့တွင်နေထိုင်ပြီး ရောမဘုရင် ကလောဒိမင်းက ယုဒလူအားလုံးကို ရောမမြို့မှနှင်ထုတ်ခဲ့သည်။
  • ထို့နောက် အာကုလနှင့်ပြစ်ကိလ တို့သည် ကောရိန်သုမြို့သို့ထွက်ခွာ၍ ပေါလုနှင့်ဆုံတွေ့ခဲ့သည်။
  • ပေါလုနှင့်အတူ တဲချုပ်ပြီး ဧဝံဂေလိလုပ်ငန်းတွင်ကူညီပေးခဲ့ကြသည်။
  • အာကုလနှင့် ပြစ်ကိလတို့သည် ယုံကြည်သူများအား ယေရှုအကြောင်းဟောပြောသွန်သင်ပေးခဲ့ကြသည်။ ထိုသူများထဲတွင် ပါရမီရှိသော အာပေါလုဆိုသည်လည်း ပါဝင်ခဲ့သည်။