my_tw/bible/names/antioch.md

2.4 KiB

အန္တိအုတ်

အချက်အလက်

အန္တိအုတ်ဟူသောမြို့မှာ ဓမ္မသစ်ကာလ၌ရှိသောမြို့(၂)မြို့ အမည်ဖြစ်သည်။ တစ်မြို့မှာ မြေထဲပင်လယ်အနီး ဆီးရီးယားနိုင်ငံတွင်ဖြစ်သည်။ နောက်တစ်မြို့မှာ ရောမပြည် ပိစီးဒီးယား၊ ကလောစိရမြို့အနီးတွင်ဖြစ်သည်။

  • ဆီးရီးယားရှိ အန္တိအုတ်အသင်းတော်တွင် ခရစ်တော်ကိုယုံကြည်သူများအား ခရစ်ယာန်ဟုစတင်ခေါ်ဆိုခဲ့သည်။ ထိုအသင်းတော်သည် တစ်ပါးအမျိုးသားများဆီ သာသနာပြုစေလွှတ်ရာတွင် တက်ကြွခဲ့လေသည်။
  • ယေရုရှလင်အသင်းတော်မှ ခေါင်းဆောင်များသည် ခရစ်ယာန်ဖြစ်ခြင်းတွင် ယုဒတို့၏ထုံးဓလေ့များကိုလိုက်နာရန်မလိုကြောင်း ဆီးရီးယားရှိ အန္တိအုတ်အသင်းသားများထံသို့ စာရေးခဲ့လေသည်။
  • ပေါလု၊ ဗာနဗနှင့် ဂျွန်မာ့ခ် တို့သည် ဧဝံဂေလိဝေငှရန် ပီစိဒီးယားရှိ အန္တိအုတ်မြို့သို့သွားရောက်ခဲ့သည်။ အခြားမြို့မှ ယုဒလူများသည် ပြသာနာဖန်တီးရန်နှင့်ပေါလုကိုသတ်ရန် ရောက်ရှိလာခဲ့ကြသည်။သို့သော် အခြားသော ယုဒများနှင့်တစ်ပါးအမျိုးသားများက ပေါလုသင်ကြားမှုကိုနားထောင်ခဲ့ပြီး ယေရှုကိုယုံကြည်ခဲ့ကြသည်။