my_tw/bible/names/amorite.md

1.7 KiB

အာမောရိ

အချက်အလက်

အားကြီးသော အာမောရိလူမျိုးသည် နောဧ၏ မြေးဖြစ်သူ ခါနာန်မှ ဆင်းသက်လာသူများဖြစ်သည်။

  • ထိုသူတို့အမည်မှာ မြင့်မားသောသူ ဟုအဓိပ္ပာယ်ရှိပြီး တောင်တန်းဒေသတွင်နေထိုင်သူ သို့မဟုတ် အရပ်မြင့်မားသောသူများ ဖြစ်သောကြောင့်ဖြစ်သည်။
  • အာမောရိလူများသည် ယော်ဒန်မြစ်နှစ်ဖက်စလုံးတွင်နေထိုင်သူများဖြစ်သည်။ အာဣမြို့မှာ အာမောရိလူတို့နေထိုင်ရာဖြစ်သည်။
  • ထာဝရဘုရား ရည်ညွှန်းသော အာမောရိလူတို့၏အပြစ် ဆိုသည်မှာ သူတို့၏မှားယွင်းသောကိုးကွယ်ခြင်း၊ ကိုးကွယ်ရာတွင်မှားယွင်းသောလုပ်ဆောင်ခြင်း စသည်တို့ကိုဆိုလိုပါသည်။
  • ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ယောရှုသည် ဣသရေလများကိုဦးဆောင်ပြီး အာမောရိလူတို့ကိုဖျက်ဆီးခဲ့လေသည်။