my_tw/bible/names/abraham.md

1.6 KiB

အာဗြဟံ၊ အာဗြံ

အချက်အလက်

အာဗြံသည် ခါလဒဲပြည်သား ဥရမြို့မှဖြစ်ပြီး ဣသရေလလူမျိုးတို့၏ ဖခင်အဖြစ်ဘုရားသခင်ရွေးချယ်ခဲ့သည်။ သူ့၏နာမည်ကို အာဗြဟံသို့ပြောင်းပေးခဲ့သည်။

  • အာဗြံ၏အဓိပ္ပာယ်မှာ ဂုဏ်သိက္ခာရှိသောဖခင် ဖြစ်သည်။
  • အာဗြဟံ၏အဓိပ္ပာယ်မှာ လူမျိုးတကာတို့၏ဖခင် ဖြစ်သည်။
  • အာဗြဟံ၏မျိုးနွယ် များပြားလာပြီး ကြီးမြတ်သောလူမျိုးဖြစ်လာမည်ဟု ဘုရားသခင်ကတိတော်ပေးခဲ့သည်။
  • အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်နာခံခဲ့သည်။ ဘုရားသခင်က အာဗြဟံကို ခါလဒဲပြည်မှ ခါနာန်ပြည်သို့ပြောင်းရွှေ့စေခဲ့သည်။
  • အသက်အရွယ်ကြီးရင့်နေသော အာဗြဟံနှင့် ဇနီး စာရာတို့သည် ခါနာန်ပြည်တွင်နေထိုင်နေစဉ်အတွင်း သား ဣဇက်ကိုမွေးဖွားခဲ့သည်။