my_tw/bible/names/abijah.md

1.7 KiB

အဘိယ

အချက်အလက်

အဘိယ သည် ဘီစီ ၉၁၅-၉၁၃ တွင်ယုဒဘုရင်အဖြစ်အုပ်စိုးခဲ့သည်။ သူသည် ယေရောဗောင်မင်း၏သားဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် အဘိယ အမည်နှင့်အခြားသောသူများလည်းရှိသည်။

  • ရှမွေလ၏သား အဘိယနှင့်ယောလတို့သည် ဗေရရှေဗမြို့တွင် တရားသူကြီးလုပ်ကြ၏။ သူတို့နှစ်ဦး၏ လောဘနှင့်မမှန်မကန်လုပ်ဆောင်မှုကြောင့် လူများသည် ရှမွေလအား ရှင်ဘုရင်အသစ် တင်မြောက်ပေးရန်တောင်းဆိုခဲ့ကြသည်။
  • အဘိယ နောက်တစ်ဦးမှာ ရှင်ဘုရင်ဒါ၀ိဒ်အုပ်စိုးစဉ်ကာလ ဗိမာန်တော်ယဇ်ပုရောဟိတ် ဖြစ်သည်။
  • အဘိယ နောက်တစ်ဦးမှာရှင်ဘုရင်ရောဗောင်၏ သားဖြစ်သည်။
  • နောက်ထပ်အမည်မှာ ဗာဗုလုန်တိုင်းပြည်မှ ယေရုရှလင်သို့ ဇေရုဗဗေလနှင့်အတူပြန်လာသော ယဇ်ပုရောဟိတ်မင်း အဘိယ၏ အမည်ဖြစ်သည်။