my_tw/bible/kt/yahweh.md

5.4 KiB

(ယာဝေ) ထာဝရဘုရား

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ထာဝရဘုရား" ဟူသောနာမတော်သည် ဘုရား၏ပုဂ္ဓိုလ်တော်အမည်ဖြစ်၍ မောရှေကိုမီးလောင်နေ သောခြုံပုတ်ထဲမှ ဖေါ််ပြ တော်မှုသော သူဖြစ်သည်။

  • "ထာဝရဘဒရား" ဟူသောနာမတော်၏အဓိပ္ပာယ်မှာ"ဖြစ်နေခြင်း သို့မဟုတ် တည်ရှိနေခြင်း" ဟုဆိုလိုသည်။
  • "ထာဝရဘုရား"၏ ဖြစ်တန်သောအဓိပ္ပာယ်မှာ"သူဖြစ်သည်"သို့ မဟုတ်"ငါဖြစ်သည်" သို့မဟုတ် "ဖြစ်တော်မှုသောသူဖြစ်သည်"ဟု ဆိုလိုသည်။
  • ထိုနာမတော်သည် "ဘုရားသခင်သည် အစဥ်အမြဲအသက် ရှင် တော်မူသည် ဆက်လက်၍လည်း အစဥ်အမြဲအသက်ရှင်တော်မူ မည် အစဥ််ရှိနေသောသူဖြစ်ကြောင်း" ဆိုလိုသည်။
  • ထုံတမ်းအစဥ်အလာအရ (ထာဝရဘုရား)ကို သခင်ဘုရား' သို့မဟုတ် ဘုရားသခင် ဟူ၍သုံးနှုန်းသည် ယုဒလူမျိုးတို့၏ သမိုင်း အရ ထာဝရဘုရား၏ နာမတော်ကို အခေါ််များမည် စိုးရိမ်းသော ကြောင့် ထိုနာမတော်ကို သခင်ဘုရား ဟူ၍အစဥ်အလာ အဖြစ်ခေါ် ဝေါ််သမုတ်ကြသည်။ ခေတ်သစ် သမ္မာကျမ်းစာ၌ စာလုံးကြီးဖြင့် သခင်ဟူ၍ သာမန်ယုဒစာနှင့်မတူအောင် ရေးသားလေ့ရှိသည်။ ဆရာယုဒသာန်က မူရင်းယုဒဘာသာ ကျမ်းစာမှ" ယာဝေ" ကို ထာဝဘုရားဟူ၍ ဘာသာပြန်လေ့ရှိ၏။
  • "ယာဝေ" နာမတော်ကို မူလဓမ္မသစ်ကျမ်း၌မတွေ့ရ ဟေလသ"ဂရိ" ဘာသာစကားဖြင့် သခင်ဘုရားဟူ၍ သာသုံးနုန်းထားသည် ဓမ္မဟောင်းကျမ်းကို ကိုးကားစဥ်ပင် ထိုသို့သုံးနုန်းထားသည်။
  • သမ္မာကျမ်းစာ၏မှုရင်တွင် "ယာဝေ" ဟူသောအသုံန်းနှုန်းသည် ဖော်ပြခဲ့ခြင်းမရှိပါ၊ "ဂရိ" ဘာသာစကားတွင်သာတွေ့ရပြီး ဓမ္မဟောင်းကိုးကားချက်တွင်လည်း မတွေ့ရှိရပါ။

ဘာသာပြန်အကြံပြုချက်များ

  • ယာဝေ သို့မဟုတ် ထာဝရဘုရားနာမတော်ကို စကားလုံးတစ်လုံးအဖြစ်နှင့်သော်၎င်း၊ စာကြောင်းတစ်ကြောင်းအားဖြင့်၎င်း "ငါတည်းဟူသော"သို့မဟုတ် "အသက်ရှင်တော်မူသော" သို့မဟုတ်"
  • ငါဖြစ်သည့်အတိုင်း ဖြစ်နေသော"သို့မဟုတ် 'အသက်ရှင်တော််မူ ထသောသူ"ဟူ၍အနက်အဓိဗ္ဗာယ် ဖွင့်ဆိုနိုင်သည်။
  • ယာဝေဟူသော ဝေါဟာရအတိုင်း စာလုံးပေါင်းပြီးရေး သကဲ့သို့ ဤအသုံန်းနှုန်းကိုရေးသင့်သည်။
  • အချို့သောဂိုဏ်းဂဏအားဖြင့် "ယာဝေ"ဟူသောအခေါအဝေါ်အစား "သခင်ဘုရား"ဟူသော ဝေါဟာရကိုအသုံးပြုကြသည်။ အရေးကြီးသော စဉ်းစားဆင်ခြင်ရမည့် အချက်မှာ အသံထွက် ရွတ်ဖတ်သောအခါ ပို၍ ရှုပ်ထွေးသွားနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် "သခင်" ဟူသော အဓ္ဓိပါယ် နှင့် ဆင်တူဖြစ်နေသောကြောင့်ဖြစ်သည်။အချို့သောဘာသာစာပေတွင် ရှေ့ဆက်နောင်ဆက် စကားလုံးများ နှင့် သဒ္ဒါအသုံးနှန်းတွင် သခင် ဟု အမည်သက်သက်အနေဖြင့် ခွဲခြားသော စလုံးများရှိသည်။