my_tw/bible/kt/wrath.md

2.4 KiB

အမျက်တော်၊ မီး၊ လောင်ကျွမ်းသည်၊ ဖျက်ဆီးသည်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဒေါသသည် အချိန်အတော်ကြာ စိတ်ဆိုးခြင်းဖြစ်သည်။ အထူးသဖြင့် ဤအရာသည် ဘုရားသခင်ကို ပုန်ကန်သောလူများကို ဒဏ်ပေးရန်နှင့် အပြစ်ကို ဖြောင့်မတ်စွာ တရားစီရင်ခြင်းကို ရည်ညွှန်းသည်။

  • ကျမ်းစာထဲတွင် "အမျက်တော်" ဟူသောစကားလုံးသည် သူ့ကို ဆန့်ကျင်သောသူတို့၏ အပြစ်အပေါ် ဘုရားသခင်၏ဒေါသကို ရည်ညွှန်းသည်။
  • "ဘုရားသခင်၏အမျက်တော်" သည် အပြစ်အတွက် ဒဏ်ပေးခြင်းနှင့် သူ့၏တရားစီရင်ခြင်းကို ရည်ညွှန်းသည်။
  • ဘုရားသခင်၏အမျက်တော်သည် သူနို့အပြစ်အတွက် နောင်တမရသောသူများအတွက် ဖြောင့်မတ်သောအပြစ်ပေးခြင်း ဖြစ်သည်။

ဘာသာပြန်အကြံပြချက်

  • စကားစု ဆက်စပ်မှုအပေါ်မူတည်၍ "ပြင်းစွာသော အမျက်တော်၊ ဖြောင့်မတ်သောတရားစီရင်မှု" သို့မဟုတ် "အမျက်တော်စသည်ဖြင့် ဘာသာပြန်နိုင်သည်။
  • ဘုရားသခင်၏အမျက်တော်ကို ပြောဆိုရာတွင် အပြစ်နဲ့ဆိုင်သော အမျက်ဒေါသ မဟုတ်ကြောင်းကို ပြသောစကားလုံး၊ စကားစုများကို သုံးရန် သတိပြုရမည်။ ဘုရားသခင်၏ အမျက်တော်သည် ဖြောင့်မတ်၍ သန့်ရှင်းသည်။