my_tw/bible/kt/worthy.md

4.2 KiB

မထီမဲ့မြင်၊ ပစ်ပယ်သည်၊ အထိုက်တန်၊ ထိုက်တန်သည်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

" ထိုက်တန်သည်" ဟူသော အသုံးအနှုန်းသည် တစုံတယောက်သည် လေးစားရန် ထိုက်တန်ကြောင်းဖော်ပြရန် သုံးသည်။ "ထိုက်တန်မှုရှိသည်" ဆိုသည်မှာ အရေးကြီးသည် သို့မဟုတ် "တန်ဖိုးရှိသည်" ဟု အဓိပ္ပါယ်ရှိသည်။ "မထိုက်တန်" ဟူသော အသုံးအနှုန်းသည် တန်ဖိုးမရှိဟု အဓိပ္ပါယ်ရသည်။

  • ထိုက်တန်ခြင်းသည် တန်ဖိုးရှိခြင်း သို့မဟုတ် တန်ဖိုးရှိခြင်းနှင့် ဆက်စပ်သည်။
  • "မထိုက်တန်ခြင်း" သည် အရေးစိုက်စရာမလိုအပ်သောအရာ ဟု အဓိပ္ပါယ် ရသည်။
  • မထိုက်တန်ဘူးဟု ခံစားခြင်းသည် တစုံတယောက်ထက် အရေးမကြီးကြောင်း သို့မဟုတ် ထိုက်တန်စွာ ဆက်ဆံခြင်းနှင့် လေးစားခြင်းမရှိခြင်း တို့ကြောင့် ဖြစ်သည်။
  • "မထိုက်တန်" နှင့် "တန်ဖိုးမဲ့" ဟူသော အသုံးအနှုန်းသည် ဆက်စပ်မ၍ရှိသော်လည်း အဓိပ္ပါယ် မတူညီပေ။ "မထိုက်တန်" ၏ အဓိပ္ပါယ်မှာ လေးစားမှုနှင့် ခန့်ညားမှု ကို ထိုက်တန်စွာ မရခြင်းကို ဆိုလိုသည်။ "တန်ဖိုးမဲ့" ဆိုသည်မှာ တန်ဖိုးမဲ့ခြင်း သို့မဟုတ် ရည်ရွယ်ချက် မရှိခြင်းကို ဆိုလိုသည်။

ဘာသာပြန်အကြံပြချက်

  • "ထိုက်တန်ခြင်း" ဟူသော စကားလုံးကို "ထိုက်တန်သော၊ အရေးကြီးသော" သို့မဟုတ် "တန်ဖိုးရှိသော" ဟူ၍ ဘာသာပြန်နိုင်သည်။
  • "ထိုက်တန်သော" စကားလုံးကိုလည်း "တန်ဖိုး" သို့မဟုတ် "အရေးကြီးသော" ဟူ၍ ဘာသာပြန်နိုင်သည်။
  • "ထိုက်တန်မှုရှိရန်" ဟူသော စကားစုကိုလည်း "တန်ဖိုးရှိရန်" သို့မဟုတ် "အရေးကြီးရန်" ဟု ဘာသာပြန်နိုင်သည်။
  • "ထိုက်တန်မှုထက်ပိုသော" ဟူသော စကားစုကိုလည်း "တန်ဖိုးထက်ပိုသော" ဟူ၍ ဘာသာပြန်နိုင်သည်။
  • စကားစုထက်ဆက်စပ်မှုပေါ်မူတည်၍ "မထိုက်တန်ခြင်း" ကိုလည်း "အရေးမကြီးသော၊ လေးစားမှု မရှိသော၊ ထိုက်တန်မှု မရှိခြင်း" ဟူ၍လည်း ဘာသာပြန်နိုင်သည်။
  • တန်ဖိုးမဲ့သော" စကားကိုလည်း "တန်ဖိုးမရှိမှု" နှင့် "ရည်ရွယ်ချက်မရှိခြင်း" သို့မဟုတ် "ဘာမှမထိုက်တန်" ဟူ၍ ဘာသာပြန်နိုင်သည်။