my_tw/bible/kt/woe.md

2.4 KiB

အမင်္ဂလာ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"အမင်္ဂလာ" ဟူသော အသုံးအနှုန်းသည် ပျင်းပြစွာပူဆွေးခံစားမှုကို ရည်ညွှန်းသည်။ ဤအရာသည် တစုံတယောက်မှ ပြင်းထန်သော ပြဿနာကြုံတွေ့ရမည်ဖြစ်ကြောင်းကိုလည်း သတိပေးသည်။

  • "အမင်္ဂလာဖြစ်ရန်" ဟူသောဖော်ပြချက်သည် သူတို့၏ အပြစ်များကြောင့် ဒဏ်ခတ်ခံရ၍ ခံစားရမည့် လူများကို သတိပေးခြင်းက လိုက်လာသည်။
  • ကျမ်းစာတော်တော်များများတွင် "အမင်္ဂလာ" ဟူသော စကားလုံးကို ထပ်ခါထပ်ခါ တွေ့ရသည်။ အထူးသဖြင့် ကြောက်စရာကောင်းသော တရားစီရင်မှုကို လေးနက်စေရန် သုံးခြင်းဖြစ်သည်။
  • လူပုဂ္ဂိုလ် တစုံယောက်မှ "ငါတော့ အမင်္ဂလာကောင်" သို့မဟုတ် "ငါ့ပေါ် အမင်္ဂလာ" ရောက်ပြီဟုပြောဆိုရာတွင် ပြင်းစွာခံစားနေသော ဝမ်းနည်းမှုကို ဖော်ပြရန် သုံးခြင်းဖြစ်သည်။

ဘာသာပြန်အကြံပြုချက်

  • အကြောင်းအရာကို ကြည့်ပြီး "အမင်္ဂလာ" ကို "ကြီးမားသော ဝမ်းနည်းမှု၊ ဝမ်းနည်းခြင်း၊ ပျက်စီးခြင်း သို့မဟုတ် ကြောက်စရာကောင်းသော" စသည့်ဖြင့် ဘာသာပြန်နိုင်သည်။
  • အခြားတဖက်တွင် "အမင်္ဂလာခံစား" ဟုလည်း ဘာသာပြန်နိုင်သည်။