my_tw/bible/kt/trespass.md

16 lines
2.8 KiB
Markdown

# ပြစ်မှုကျူးလွန်ခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ပြစ်မှုကျူးလွန်ခြင်းဟု ဆိုရာ၌ ထာဝရဘုရား၏ ပညတ်တော်ကို ချိုးဖောက်ခြင်း၊ သူတပါးအားထိခိုက်နစ်နာစေသော အပြုအမူများ ပြုလုပ်ခြင်းကို ဆိုလိုသည်။
* ပြစ်မှုကျူးလွန်ခြင်းသည် ကိုယ်ကျင့်တရား ပျက်ပြားခြင်း၊ ဉပဒေချိုးဖောက်ခြင်း၊ သူတပါးကို ထိခိုက်နစ်နာအောင် ပြုမူခြင်းကို ဆိုလိုသည်။
* အသုံးအနှုန်းအားဖြင့် အပြစ်၊ ပြစ်မှုကျူးလွန်ခြင်းဆိုရာ၌ ထာဝရဘုရားကို မနာခံခြင်းနှင့် ဆက်စပ်နေသည်။
* အပြစ်အားလုံးသည် ထာဝရဘုရားကို ဆန့်ကျင်သော ပြစ်မှုကျူးလွန်ခြင်းဖြစ်သည်။
## ဘာသာပြန်အကြံပြုချက်
* အခြေအနေပေါ်မူတည်၍ ပြစ်မှုကျူးလွန်ခြင်းကို ပြစ်မှားခြင်း (သို့) အမှားကျူးလွန်ခြင်း၊ ပညတ်တရားကို ချိုးဖောက်ခြင်းဟု ဘာသာပြန်နိုင်သည်။
* အချို့ဘာသာစကားများတွင် ပြစ်မှုကျူးလွန်ခြင်းကို စည်းကျော်ခြင်းကဲ့သို့ ဖော်ပြခြင်းမျိုးလည်းရှိနိုင်သည်။
* ထို့ကြောင့် ဘာသာပြန်ဆိုရာတွင် ကျမ်းစာတွင်ထည့်သွင်းအသုံးပြုရန် သင့်လျော်မှုရှိ မရှိ သုံးသပ်ပြီးမှ အသုံးပြုရမည်။ အခြားအဓိပ္ပာယ်တူယောင်ရှိသော 'အပြစ်နှင့် ပြစ်မှုကျူးလွန်ခြင်း' ကဲ့သို့ အခြားစာလုံးများနှင့် နှိုင်းယှဉ်ပြီး အသုံးပြုရမည်ဖြစ်သည်။