my_tw/bible/kt/sonsofgod.md

3.3 KiB

ဘုရားသခင်၏ သားတော််

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ဘုရားသခင်၏ သားတော်" ဟူသော စကားလုံးတွင် အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုနိုင်သည်။

  • ဓမ္မသစ်ကျမ်းတွင် "ဘုရားသခင်၏ သားတော်" ဟုသုံးနှုံးရာတွင် ယေရှုခရစ်တော်ကို ယုံကြည်သူများကို ဆိုလိုခြင်းဖြစ်ပြီး၊ "ဘုရားသခင်၏ သားသမီးများ" ဟူ၍ အသုံးများပါသည်။ ယောကျ်ားနှင့် မိန်းမ နှစ်မျိုးလုံး ပါဝင်ထားပါသည်။
  • ဤစကားလုံးကို ဘုရားနှင့် အဆက်အသွယ်ရှိခြင်းကို ဆိုလိုခြင်းဖြစ်ပြီး၊ လူသားဖြစ်သော သားနှင့် အဖကြား ထူးကဲစွာ ဆက်နွယ်မှုကို ဆိုလိုရင်းဖြစ်ပါသည်။
  • ကမ္မာဦးကျမ်း ၆ တွင် "ဘုရားသခင်၏ သား" ဟု သုံးနှုံးရာတွင် ကျရှုံးသွားသော ကောင်းကင်တမန်များဖြစ်ပြီး ဝိညာဉ်ဆိုး သို့မဟုတ် နတ်ဆိုးများကို ဆိုလိုသည်။ အချို့သော ဘာသာပြန်ဆိုမှုများတွင် တန်ခိုးအာဏာကြီးသော ဘုရင်မင်းများ သို့မဟုတ် ရှေသအမျိုးအနွယ် ဖြစ်နိုင်ချေရှိသည်ဟု ဆိုကြသည်။
  • "ဘုရားသခင်၏ သားတော်" ဟူသော ဘွဲ့နာမသည် ထူးခြားမှုရှိပြီး ဘုရားသခင်၏ တစ်ဉီးတည်းသော သားတော်် ယေရှုကို ညွှန်းဆိုထားခြင်းဖြြစ်သည်။

ဘာသာပြန် အကြံပြုချက်

  • "ဘုရားသခင်၏ သားတော်" သည် ယုံကြည်သူများကိုဆိုလိုရာတွင် "ဘုရားသခင်၏ သားသမီးများ" ဟု ဘာသာပြန်ဆိုနိုင်ပါသည်။
  • "ဘုရားသခင်၏ သားတော်" ကို "ကောင်းကင်တမန်များ" သို့မဟုတ် "ဝိညာဉ်တစ်ပါးပါး" သို့မဟုတ် "နတ်များ" စသည်ဖြင့် အခြေအနေကိုလိုက်၍ ပြန်ဆိုနိုင်ပါသည်။
  • "သား" ဟူသည့် ခေါင်းစဉ်အောက်တွင် လေ့လာနိုင်ပါသည်။