my_tw/bible/kt/son.md

4.0 KiB

သား၊ သားဖြစ်ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"သား" ဟူသော စကားလုံးသည် ကောင်လေး (သို့) လူယောကျ်ား တစ်ဦးသည် မိဘများနှင့် ဆက်နွယ်သောသူကို ရည်ညွန်းသည်။

  • "သား" ဟူသောစကားလုံးကို သမ္မာကျမ်းစာထဲတွင် အမျိုးသားတို့၏မျိုးနွယ်မှ ဆင်းသက်လာသူ သားမြေးများကို ဆိုလိုသည်။
  • "သား" ဟူသော စကားလုံးကို ယဉ်ကျေးသောအသွင်အားဖြင့် ဖော်ပြရလျှင် လူငယ် (သို့) အသက်ငယ်ရွယ်သော လူငယ်လေး ဖြစ်သည်။
  • တခါတရံတွင် "ဘုရားသခင်၏သားတော်ကို" ဓမ္မာသစ်ကျမ်းစာထဲတွင် ခရစ်တော်ကို ယုံကြည်သောသူများကို ရည်ညွန်းထားသည်။
  • ဣသရေလလူမျိုးများကို ဘုရားသခင်က အဦးဆုံးသောသားမားဟု သတ်မှတ်ထားသည်။ ထိုသူများကို ဘုရားသခင်က နိုင်ငံတော်အတွက် အထူးရွေးချယ်ထားသောသူများဖြစ်ပေသည်။ ဘုရားသခင်၏သီတင်းစကားဖြစ်သော ကယ်တင်ခြင်းကိုရွေးကောက်ထားသောသူများအားဖြင့် ဖြစ်စေခဲ့ပြီး အကျိုးရလဒ်အနေဖြင့်လူအများတို့သည် သူ၏ဝိညာဉ်ကလေးများဖြစ်ခွင့်ရကြသည်။
  • "သားဖြစ်ခြင်း၏" ဟူသောစကားလုံးသည် တခါတရံတွင် "ရုပ်သွင်ပြင်လက္ခဏာရှိခြင်း" ဟု အဓိပ္ပါယ်ရသည်။ ဥပမာအားဖြင့် ထိုအဓိပ္ပါယ်များကို "အလင်း၏သား" "မုသာ၏သား" "ငြိမ်သက်ခြင်း၏သား" နှင့် "လျှပ်ပေါ်ခြင်း၏သား" များဟု ပါဝင်သည်။
  • "သားဖြစ်ခြင်း၏" ဟူသောစကားလုံးကို ဖခင်တစ်ဦး၏သားဖြစ်သူကို ဖော်ပြပြောဆိုခြင်းဖြစ်သည်။ ထိုစကားစုကို မျိုးရိုးစဉ်ဆက်စာရင်းနှင့် အခြားသောနေရာများတွင် အသုံးပြုထားသည်။
  • "သားဖြစ်ခြင်း၏" ဟူသောစကားလုံးကို အသုံးပြုခြင်းဖြင့် နာမည်တူရှိသော ဖခင်တို့၏အမည်များမှ ခွဲခြားသိမြင်ရန် ပေးထားခြင်းဖြစ်သည်။ ဥပမာအားဖြင့် "ဇာဒုတ်၏သား အာဇရိ" နှင့် "နာသန်၏သား အာဇရိ" ဖြစ်ကာ ဓမ္မရာဇဝင်တတိယစောင် ၄ ထဲတွင် ဖော်ပြထားသည်။ ပြီးနောက် "အာမဇိ၏သားအာဇရိ" ထိုသူသုံးယောက်တို့သည် နာမည်တူကာ လူချင်းခြားနားသည်။