my_tw/bible/kt/savior.md

2.8 KiB

ကယ်တင်ရှင်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ကယ်တင်ရှင်သည် အန္တရာယ်ထဲကနေ တခြားသူကို ကယ်တင်သောသူကို ဆိုလိုသည်။ ထိုအရာသည် အခြားသူများထံမှ ကွယ်ကာဖို့ ခွန်အားပေးသော တစုံတယောက်ကိုလည်း ဆိုလိုသည်။

  • ဓမ္မဟောင်းကျမ်းထဲတွင် ဘုရားသခင်သည် ဣသရေလလူမျိုးများကို သူတို့၏ ရန်သူများထံမှ ကယ်တင်ခဲ့သောသူနှင့် ခွန်အားဗလကို ပေးခဲ့သူနှင့် အသက်နိုင်ရန် လိုအပ်သောအရာများကို ထောက်ပံ့ပေးသောသူဖြစ်သောကြောင့် ဣသရေလလူမျိုးများ၏ ကယ်တင်ရှင်ကဲ့သို့ ဆိုလိုခဲ့ပါသည်။
  • ဓမ္မသစ်ကျမ်းထဲတွင် ကယ်တင်ရှင်ဟူသော စကားလုံးသည် ယေရှုခရစ်တော်ကို ဖော်ပြခြင်းကဲ့သို့ အသုံးပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အပြစ်များအတွက် ထာဝရအပြစ်ပေးခြင်းထဲမှ လူတွေကို ကယ်တင်သောကြောင့်ဖြစ်သည်။ သူသည် အပြစ်၏ထိန်းချုပ်မှုတွေထဲမှလည်း ကယ်တင်သည်။

ဘာသာပြန်အကြံပြုချက်

  • ဖြစ်နိုင်မယ်ဆိုရင် ကယ်တင်ရှင်သည် ကယ်ချွတ်ခြင်းနှင့် ကယ်တင်ခြင်းဟူသော စကားလုံးနှင့် ဆက်စပ်ပြီး အနက်ဖွင့်ဆိုသင့်ပါသည်။
  • ကယ်တင်ရှင်ဟူသော စကားလုံးနှင့် ဆက်စပ်၍ ကယ်ချွတ်သောသူ (သို့) ကယ်တင်သောဘုရား (သို့) အန္တရာယ်ထဲမှ လွတ်မြောက်စေသောသူ (သို့) ရန်သူများထံမှ ကယ်တင်သောသူ (သို့) ကယ်တင်သောသူ ယေရှုဟူ၍လည်း ပါဝင်နိုင်ပါသည်။