my_tw/bible/kt/sanctify.md

2.8 KiB

သန့်ရှင်းခြင်းသည် ခွဲထုတ်ခြင်း (သို့) သန့်စင်ခြင်းဖြစ်သည်။ သန့်ရှင်းစေခြင်းသည် သန့်ရှင်းခြင်း အသက်တာကို တိုးပွားစေသည်။

အသုံးအနှုန်းများ၏အဓိပ္ပါယ်

  • ဓမ္မဟောင်းကျမ်းတွင် အရာဝတ္ထု (သို့) လူကို သန့်စင်ခဲ့ကြသည် (သို့) ဘုရားသခင်အတွက် သီးသန့်ခွဲထုတ်ထားသည်။
  • ဓမ္မသစ်ကျမ်းယေရှုကို ယုံကြည်သောသူသည် ဘုရားသခင်က သန့်ရှင်းစေသည်ဟူ၍ သင်ကြားထားသည်။ ထိုအရာသည်ဘုရားက သန့်ရှင်းစေပြီး သူ့အမှုကိုဆောင်ဖို့ ခွဲခန့်ထားသည်။
  • ယေရှုကို ယုံကြည်သောသူသည် လုပ်ဆောင်ခြင်းအရာတိုင်းမှာ သန့်ရှင်းဖို့၊ ဘုရားသခင်ဆီကို ကိုယ့်ကိုကိုယ်သန့်ရှင်းစေဖို့ရန်အတွက် အမိန့်ပေးထားသည်။

ဘာသာပြန်အကြံပြုချက်များ

  • ပြောဆိုထားချက်အရ သန့်ရှင်းခြင်းသည် သီးသန့်ခွဲထုတ်ခြင်း (သို့) သန့်စင်ခြင်းဟူ၍ အဓိပ္ပာယ်ဖော်လို့ရပါသည်။
  • ကိုယ့်ကိုကိုယ် သန့်ရှင်းစေသောအခါမှာ ဘုရားသခင်အတွက် ကိုယ့်ကို နှစ်မြှပ်ထားခြင်း ကိုယ့်ကိုယ်ကို သန့်စင်ထားခြင်းကို ဆိုလိုသည်။ တစ်ခါတရံ ထိုစကားလုံးကို ဘုရားအတွက် လှူဒါန်းသည် ဟူသော စကားလုံးဖြင့် ကျမ်းစာထဲတွင် အသုံးပြုခဲ့သည်။
  • ဘုရားအတွက် လှူဒါန်းသည်ဟူသော အဓိပ္ပာယ်သည် တစုံတယောက်ကို နှစ်မြှပ်ထားသကဲ့သို့လည်း ဘာသာပြန်နိုင်ပါသည်။