my_tw/bible/kt/sabbath.md

3.0 KiB

ဥပုသ်နေ့

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဥပုသ်နေ့ဟာ ရက်သတ်တပတ်၏ ခုနှစ်ရက်မြောက်နေ့ကို အထူးပြုတာဖြစ်ပြီး ထိုနေ့တွင် ဣသရေလလူမျိုးများ အလုပ်မလုပ်ဘဲ အနားယူရမည့်နေ့ကဲ့သို့ ဘုရားသခင်က မိန့်မှာထားတဲ့နေ့ဖြစ်သည်။

  • ဘုရားသခင်က ခြောက်ရက်အတွင်း မြေကြီးနှင့် ကောင်းကင်ကို ဖန်ဆင်းပြီးသည့်နောက် သတ္တမနေ့တွင် အနားယူခဲ့သည်။ ထိုနည်းတူ ဘုရားသခင်က သူ့ကိုကိုးကွယ်ဖို့နှင့် အနားယူရမည့် အထူးနေ့ရက်အဖြင့် ဣသရေလလူမျိုးများကို မိန့်မှာထားခြင်းဖြစ်သည်။
  • ဥပုသ်နေ့ကို သန့်ရှင်းစေပါဟူသည့် အမိန့်တော်က ပညတ်တရားဆယ်ပါး၌ တပါးအပါအဝင်ဖြစ်ပြီး ဣသရေလ လူမျိုးများအတွက် မောရှေဆီမှ ဘုရားသခင်က ကျောက်ပေါ်မှာ ရေးသားထားခြင်းဖြစ်သည်။
  • ဂျူးဘာသာကိုးကွယ်သူများ ရေတွက်ခြင်းအရ ဥပုသ်သည် ပဥ္စမနေ့ညနေ နေဝင်ချိန်မှစ၍ ဆဌမနေ့ရက် နေဝင်ချိန်တိုင်အောင်ဖြစ်သည်။
  • တခါတရံကျမ်းစာအုပ်ထဲမှာ ဥပုသ်ကို ဥပုသ်ဟူသောစကားလုံးထက် ဥပုသ်နေ့ ဟူ၍လည်း ခေါ်ဝေါ်လျက်ရှိသည်။

ဘာသာပြန်အကြံပြုချက်များ

  • ဒီစကားလုံးဟာ အနားယူတဲ့နေ့ (သို့မဟုတ်) အနားယူရမဲ့နေ့ (သို့မဟုတ်) အလုပ်နားရမဲ့နေ့ (သို့မဟုတ်) ဘုရားသခင် အနားယူတဲ့နေ့လို့လည်း ပြန်ဆိုနိုင်ပါသည်။
  • တချို့ဘာသာပြန်မှုတွေက ဥပုသ်နေ့ (သို့) အနားယူတဲ့နေ့ကဲ့သို့ နေ့ထူးနေ့မြတ်တရက်အဖြစ် ပြသဖို့ ဖော်ပြကြသည်။